Sunday, April 24, 2011

လမ်းခွဲခြင်းဆိုတာ တကယ်တော့လွယ်လွယ်လေးပါ..

ကျွန်မတို့ လမ်းခွဲခဲ့ကြတယ် ... 
ဟင့်အင်း ဒါပေမယ့် ကျွန်မတို့ နှစ်ယောက်တူညီတဲ့လမ်းကို ဆက်လျှောက်ကြမှာပါ... 
အင်း လက်မတွဲထားခဲ့တာပဲရှိပါတယ်
ဒီလမ်းတလျှောက်လုံးတော့ တယောက်ကိုတယောက် မကြာခဏဆိုသလိုကြည့်ဖြစ်ကြအုံးမှာပေါ့..
ဒါပေမယ့် ကြည့်တဲ့အကြည့်တွေကတော့ အေးစက်နေကြမှာပါပဲ..
ကျွန်မတို့ နှစ်ယောက်ရဲ့ဘေးမှာ ကိုယ်စီပိုင်ဆိုင်သူတွေရှိကောင်းရှိနေမယ် ..
ဒါမှမဟုတ် သူ့ အတွက်ရှိပြီး ကိုယ့်ကတော့တယောက်တည်းဖြစ်နေကောင်းဖြစ်နေမယ်
ဒါမှမဟုတ် နှစ်ယောက်စလုံးအတွက် ရှိချင်မှရှိနေလိမ့်မယ်
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလက်မတွဲခဲ့ဖို့ ဆုံးဖြတ်ကတည်းက ကျွန်မမှားတယ်လို့ မထင်ချင်တော့ဘူး
ပထမအစမှာတော့ ကျွန်မတို့ နှစ်ယောက်လုံးစိတ်ညစ်ရင်စိတ်ညစ်ဖြစ်ကြမယ်
ဒါပေမယ့် နေသားကျလာခဲ့ရင်တော့ မတော်တဆတွေ့ ဖြစ်ရင်တောင် အနှောင်အဖွဲ့ ကင်းကင်းနဲ့ ပြုံးပြနိုင်ကြမှာပါ....
ဘယ်သူ့ အမှားမှမပါတဲ့ ဒီဆုံးဖြတ်ချက်တခုမှာ ကျွန်မတို့ နှစ်ယောက်လုံး ဆက်လက်ရှင်သန်နေထိုင်သွားကြတာပေါ့နော် ... 

Friday, February 4, 2011

မဟောင်းသေးပါလားကွာ ....

ရာသီတွေလဲ ပြောင်းခဲ့ပြီ
နှစ်ကာလတွေ ညောင်းခဲ့ပြီ
ချိန်ခါတွေလဲ နှောင်းခဲ့ပြီ
ဒါပေမယ့် ဒီရင်ခုန်သံကတော့
ဆယ်စုနှစ်ပြည့်တော့မယ်
မပြောင်းနိုင်သေးပါလား ...

Wednesday, January 26, 2011

မင်းအတွက် ...



ငါ့လက်မှာ ရှရာတစ်ခု ၊ ဘယ်တုန်းက ခိုက်မိလဲတော့ ငါမသိတော့ဘူး…
ငါ့စာအုပ်မှာ မှတ်ချက်တစ်ခု ၊ ဘယ်တုန်းက ငါရေးခဲ့လည်း စဉ်းစားလို့ မရတော့ဘူး…
ငါ့အခန်းတံခါးဝမှာ စာရွက်ခေါက်လေးတခု ၊ ဘယ်သူလာထားသွားလည်း မေးလို့ မရတော့ဘူး…
ငါ့ဖုန်းထဲမှာ Missed call တခု ၊ ဘယ်တုန်းက ခေါ်သလဲ ငါစိတ်မ၀င်စားတော့ဘူး …
ငါ့နောက်ဆုံး အတန်းက နေရာတခု ၊ ငါဘယ်နား ထိုင်ခဲ့လဲ တွေးမနေတော့ဘူး …
ငါ့အိတ်ထဲက နောက်ဆုံး bill တစ်ရွက် ၊ ငါဘာဝယ်ခဲ့လဲ ခေါင်းစားမနေတော့ဘူး…
……………………………………………………
……………………………………………
………………………………….
……………………………
……………………..
………………
……….
…..
..
ငါ့ရင်ဘတ်ထဲက ဒဏ်ရာတခု ၊ မင်းဘယ်အချိန်ပေးခဲ့တာလဲ ငါသိနေဆဲ …
ငါ့အတွေးထဲက မင်းပုံရိပ်တိုင်း ၊ ခုထိအသေးစိတ်၇ှိနေခဲ့တာ ငါစဉ်းစားလို့ ရဆဲ…
ငါ့အိမ်မက်တွေထဲက မင်းစကားသံတွေ ၊ မနက်မိုးလင်းတိုင်း ပြန်မေးကြည့်ရင် သိနေဆဲ …
ငါ့အနားက မင်းသတင်းတွေ ၊ ဘယ်အချိန်ကြားကြား စိတ်ဝင်စားနေဆဲ…
ငါ့ကိုကြည့်တဲ့ မင်းအကြည့်တွေ ၊ ဆိုလိုချင်တာကို ခုထိတွေးနေဆဲ …
ငါ့ကိုမုန်းတဲ့ မင်းဟန်ပန်တွေ ၊ အကြောင်းပြချက်တခုနဲ့ ခေါင်းစားနေဆဲ ….
ဒါပေမယ့်လည်းကွာ …
ဘယ်တော့မှမဖြစ်နိုင်တော့ဘူးဆိုတာကိုတော့ ..
ငါ မသိအောင်နေမယ်
စဉ်းစားလို့ မရအောင်နေမယ်
ပြန်မမေးမိအောင်နေမယ်
စိတ်မ၀င်စားမိအောင်နေမယ်
မတွေးမိအောင်နေမယ်
ခေါင်းမစားရအောင်နေမယ်
မုန်းလို့ တော့မဟုတ်ဘူးနော်
ချစ်လွန်းလို့ …

သဘောတရား - ၂


လူတွေဗျာ …
စဉ်းစားကြည့်ပါအုံး
ထွက်ပြေးဖို့ တော့တတ်တယ်
လိုက်ရှာပါဆိုတော့ အင်တင်တင်နဲ့ ….
ယူသွားလိုက်ကြတာများ သူတို့ တောင်မနိုင်မနင်း
ပေးပါဆိုတော့ကျတော့ မကြားချင်ယောင်ဆောင်နေတယ်….
ပြောလိုက် ငြီးလိုက်ကြတဲ့ သူတို့ အပူတွေ
ခဏလောက် ငြီးမိလိုက်တယ် လက်ကာပြပြီးထွက်သွားလေရဲ့ …
စောင့်လိုက်ရတာ တမေ့တမော …
ခဏစောင့်ပါဆိုတော့ မအားဘူးတဲ့ …
ရှင်းပြလိုက်ရတာ ပါးစပ်တောင်ညောင်းတယ်
သွားမေးပါတယ် မသိဘူးတဲ့ ….
လိုက်သွားရတာ အဝေးကြီး
ပြန်ခေါ်မိတော့ မသိသလိုနဲ့ ….
တကယ်တော့ဗျာ …
တခါခါတော့ ဘယ်သူ့ အပြစ်ရယ်တော့မဟုတ်ဘူး
ကျွန်တော်လဲ ဒီလိုပါပဲ ။

Friday, January 14, 2011

ကျောင်းမှ အမှတ်တရ


စိတ်တွေ စိတ်တွေ ဆောက်တည်ရာမရလွင့်နေတတ်တဲ့ကောင်လေ… စုစည်းလိုက်ဖမ်းလို့ ကိုမရပါလားနော်…
အတန်းထဲရောက်ကတည်းက ဟိုကြည့်ဒီကြည့် (ကျီးကန်းတောင်းမှောက်လို့ ပဲ ပြောရမလား)
ဒီလူကိုတော့ဖြင့် ဟိုနေ့ က မတွေ့ မိဘူး၊ ဟိုလူကတော့ဖြင့် ဒီနေ့ မှလာတာလား
ဟယ်… ဟိုကောင်မလေးက ငါ့ AW တန်းက ပါလား …. မြင်တောင်မြင်ရဲ့လားမသိဘူး …ဟွန်း နှုတ်တောင်ဆက်ဖော်မရဘူး…..
ဟော…ခုဝင်လာတာ မြန်မာကကျောင်းသားပါလား … ဘာလို့ နောက်ကျတာပါလိမ့်.. ၀တ်ထားတာက လည်းကြည့်ပါဦး….. အချိုးတစက်ကလေးမှကိုမပြေဘူး (အင်း သူ့ ခမျာလဲ ကြားထဲကနေ ငါ့စိတ်ဓားစာခံဖြစ်လို့ )
ဒီလိုနဲ့ …… သင်ခန်းစာစပြီ ။
တစ်လုံးစ၊ နှစ်လုံးစ ခေါင်းထဲရောက် .. ဒါပေမယ့် ခုထက်ထိကိုယ်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဆီစိတ်ကရောက်နေသည်….
ရှေ့ ဆုံးမှာထိုင်နေတဲ့ ကျောင်းသားဆံပင်က ရှေ့ တစ်လက်မနောက်ပြောင်ပါလား… ရာဇာနေ၀င်းကို မဆီမဆိုင်သတိတွေရ…..
ဘေးကလူကတော့ အဖြူအမည်းအကွက်အင်္ကျီဆိုတော့ ချွတ်ပြီးကျားထိုးလိုက်ရင်တော့ အတော်ပဲလို့ တွေးလိုတွေး……
နောက်ကထိုင်နေတဲ့ကောင်လေးက ပါးဖောင်းဖောင်းလေးနဲ့ ကလေးရုပ်ကို မပျောက်သေးဘူး လို့ ထင်ချင်ရာတွေထင်……
ဟိုဖက်က ကိုရီးယားကောင်မလေး ၂ယောက်ဆီ မျက်လုံးရောက်သွားပြန်တော့ မဆီမဆိုင် ကြည့်ဖူးတဲ့ ကိုရီးယားကားတွေ ပြန်တမ်းတ…..
ရုတ်တရက် Professor စာရေးနေတဲ့ဖက်ကို အာရုံရောက်သွားတော့ professor က ဘယ်သန်ဆိုတာပဲ အာရုံပြုမိသည်…. ဘာရေးနေလဲတော့မကြည့်မိ…. ငါလဲဘာလို့ ဘယ်သန်မဖြစ်တာလဲမသိဟု စဉ်းစားအဖြေထုတ်နေတာ….
လက်ကလဲ ၀သီအတိုင်း တချက်ကလေးမှကို အငြိမ်မနေလေ … ဘေးကထိုင်တဲ့ သယ်ရင်း laptop battery charger ကြိုးကိုဆွဲလိုဆွဲ …. အဆွဲခံရတဲ့သူခမျာလည်း ရှုံမဲ့မဲ့နဲ့ တအံ့တသြလှည့်ကြည့် ….. ဒါတောင်မရပ်သေး အငြိုးကြီးကြီး ဆွဲနေတုန်း….
ပြီးနောက်….
ခဏလောက်ပြန်ငြိမ်သွားသည်…. အကောင်းတော့မဟုတ် …. ငိုက်နေပြီ…. မျက်လုံးမြင်ကွင်းတွေ တဖြည်းဖြည်း ကျဉ်းလာသည် ….. ရှေ့ က professor ကလည်း ၂ယောက် ၃ယောက်တွေဖြစ်နေပြီ…. ပြီး တလောကလုံး အမှောင်အတိ ကျသွားလေချေပြီ …… ကျွန်မအတန်းရှေ့ တည့်တည့်တွင် ပေါ်ပေါ်တင်တင် ငိုက်ပြနေ၏ ။ အင်မတန်ဆိုးဝါးသည့် ကလေးမလေ …..
ပြန်နိုးလာသည်.. ဖုန်းက မက်ဆေ့ခ်ျ လာသောကြောင့်သာဖြစ်သည် (မဟုတ်လို့ ကတော့ half-time အရောက် professor ကိုယ်တိုင် လာနှိုးရမှာစိုးလို့ နော် စိတ်ကြီးတယ် ဟင်းဟင်း)
အဲ…နိုးလာတော့ လုပ်ငန်းစတော့သည်ပေါ့…(ရောက်တတ်ရာရာ ပြန်တွေးခြင်းကို ဆိုလိုပါသည်….lecture နားထောင်ခြင်းအား ရန်သူကဲ့သို့ သဘောထားကြောင်းလည်း ၀န်ခံပါသည်)
ဒီတော့လည်း ကိုယ့် professor ကစကြည့်မိသည်….
ဘုရားရေ…. ပေါက်ကရ စမြင်သည် …. Professor ၀တ်ထားသော၇ှပ်က ဗိုက်အရှေ့ မှာ အောက်က အစထွက်နေခြင်း ….အဲ့ဒါကြည့်ရင်း ငယ်ငယ်က အင်္ကျီဝတ်လျှင် အဲ့လိုအစထွက်နေတတ်တာကိုသတိရတော့ ပြုံးတောင်ပြုံးမိသွားသည်….ပြန်ထည့်လိုက်၇င် ကောင်းမယ်ဟု အသည်းယားနေတုန်းလေး ကြားသွားလေရော့လား … ပြန်ထည့်သည် …သို့ သော် ပြန်ထည့်ရင်းက ပြန်ထွက်လာပြန်တာမို့ လုံးချာလည်လိုက်နေသော professor ကိုကြည့်ရင်း ကိုယ်ပါကြားထဲ က အားမလိုအားမရတွေဖြစ်လာသည် …… (ဟီးဟီး)
ယခုကဲ့သို့ စိတ်တွေ အစိုးမရဖြစ်ကာ lecture နားမထောင်ပဲ လုပ်နေမိတဲ့ အဆိုးဝါးဆုံး ဖြစ်ရပ်ကတော့ ဒီဘလော့လေးဖြစ်လာဖို့ ရေးနေခြင်းပါ(တကုပ်ကုပ်ရေးနေတာဆိုတော့ lecture လိုက်တယ်လို့ ထင်တဲ့သူတွေရှိမှာ မြင်ယောင်သေး အထင်ခံရလဲနည်းလားနော….. ခိခိ)
ဒီလိုနဲ့ ပဲ တွေးချင်ရာတွေး၊ ကိုင်ချင်ရာကိုင် (စာရေးကိရိယာများ)၊ ဆွဲချင်ရာဆွဲ (ကိုယ့် အင်္ကျီကိုယ်) နှင့် professor က Half-breakဆိုတော့
မြင်စေချင်လိုက်တာဗျာစာဖတ်သူတွေကိုလေ …. ကျွန်တော့ မျက်နှာ အသံထွက် တခွီးခွီး ရယ်လျက် မှိုရတဲ့မျက်နှာ …..
သြော်…သြော် စိတ်စိတ်…..


Thursday, January 13, 2011

သဘောတရား ၁

အတန်းကမစသေး….
ကိုယ်တိုင်ကိုက အေးအေးဆေးဆေးနေရင်ရ ရက်သားနဲ့ ကို မရိုးမရွဖြစ်ပြီးစောစောအတန်းရှေ့ သွားထိုင်နေကာမှ ဒီအတွေးစက ရလာမိသည်။


အတန်းရှေ့ တွင်ထိုင်စောင့်နေရင်း တိတ်တိတ်ဆိတ်ဆိတ်၇ှိလှသဖြင့် ကျွန်တော် အိပ်ငိုက်ချင်လာမိသည်။ ထိုသို့ ထမင်းလုံးစီပြီး ငိုက်နေချိန် တ၀ုန်းဝုန်းအသံများကြောင့် မျက်လုံးလည်း ပြူး အကုန်ပြူးသွားရလေသတည်း။
အတန်းချိန်ပြီးသဖြင့်ထွက်လာကြသောကျောင်းသားများ ကျောင်းသူများ…..


ဒီနေရာတွင် နည်းနည်းဖြည့်ပြောစရာရှိပါသည်။
စင်ကာပူရောက်မှ ကျွန်တော်သည် မိန်းကလေးများကိုသာကြည့်မိသည်။ အဘယ်ကြောင့်နည်း။ ယခုကျောင်းသူများကိုပင် အရင်းတည်ကာ ရှင်းပြပါမည်။




အတန်းထဲမှသူ ပြိုင် ငါပြိုင် အနိုင်ကြဲပြီး ထွက်လာကြသူ မိန်းကလေး အများစုတွင် ဘောင်းဘီတို ၀တ်သူက တ၀က်ပါသည် ။ တိုကြပါ… မပြောလိုပါဘူး …. ကိုယ်တွေအမေခေတ်တုန်းက လည်း အတိုဝတ်ကြသည် ။ ရုပ်ရှင်မင်းသမီး ချိုပြုံးတို့ မေ၀င်းမောင်တို့ ခေတ်ပေါ့ ။ တင်းနစ်ကစားသည့် အခန်းတို့ ရေကူးသည့်အခန်းတို့ ဝတ်ကြသည်ပေါ့ … သို့ ရာတွင် အားကစားလုပ်မှသာဝတ်ကြခြင်းဖြစ်လေသည် ။ ယခုမူကား အတန်းသွား အပြင်ထွက် အိမ်မှာနေ အတိုမှအတို ဖြစ်နေကြလေပြီ။ ဒီကဏ္ဍ အား ထိုမျှလောက်နှင့်မပြီးသေး …. အရင်ခေတ်က ပြန်စကြစို့ … အတိုဝတ်သည် … သို့ သော် ပေါင်အလယ် သည်သာ အတိုဆုံးဖြစ်ပေသည် ။ စာဖတ်သူသည် အရပ်ရှည်ပါက ပေါင်အလယ်ထက်တော့ နည်းနည်းတိုမည် ။ ယခုခေတ်ကား ပေါင်လယ်ပင်မက ပေါင်အရင်းနီးပါး တိုနေကြလေပြီ ။ အပြိုင်အဆိုင် ဘယ်သူပြိုင်လို့ တိုပါတော့နိုင်ဖြစ်နေ၏။




ယခုလည်းကောင်မလေးတယောက် မည်သည့်လူမျိုးလဲတော့ ကျွန်တော်မသိ ။ အတို ၀တ်ထားသည် ။ စောစောက ကျွန်တော်ပြောသည့်အတိုင်း ပေါင်ရင်းပင်လွန်ပြီးတိုလေတော့ ကျွန်တော့ မျက်စိကနောက်လာသည်။ သည်ကြားထဲ သူက သူ့ အဖေ အင်္ကျီလား အကို အင်္ကျီလား မပြောတတ် ရှည်ရှည်ဖားဖားကြီး ၀တ်လာတော့ ကဲ စဉ်းစားကြပါအုံး … ကျွန်တော် အစက ထင်မိသွားသည်မှာ အဲ့ အင်္ကျီဖားဖားကြီးပဲ ၀တ်လာသည်ပေါ့ …. မျက်လုံး နှစ်ဆလောက်ပြူးကျယ်သွား၏။ အငြိမ်မနေသော ကျွန်တော်ကလည်း သိချင်သည်ပေါ့ …. အဟဲ ….ဘယ်ရမလဲ…. ဘောပင်ပြုတ်ကျချင်ယောင်ဆောင်ပြီး အောက်ငုံအကောက်ကြည့်လိုက်သည် …. သူ့ အောက်ကဂျင်းဘောင်းဘီ တိုသမှ တိုတိုလေး ပါသည် ။ ဘာပဲပြောပြော တော်ပါသေးရဲ့ … သူ့ အစား မျက်စိရှက်ကာ သက်ပြင်းချမိသည် ။






ကဲ … နောက်တယောက် သူကတော့ ဘောင်းဘီအတိုမဟုတ် …. ဒီလိုဆိုတော့ သက်ပြင်းလေးချမယ်မကြံနဲ့ ဗျာ …. သကောင့်သမီးက စကပ် အတို ….
ကဲ ပွဲပြီးရော … ဟုတ်ပြီ စကပ်အတို နဲနဲ ကပ်နေသည်ဆိုက တော်အုံးမည် ။ ခုက ပေါင်ရင်းနားတွင် တ၀ဲလည်လည် စကပ် … သူသာ လှေကားအပေါ်က ဆင်းလာလျှင် ကျွန်တော်လှေကားအောက်မှ မကြည့်ရဲ …. မျက်လုံးကို လက် (နဲနဲ ကြား ထားသည် ) ဖြင့် အုပ်ကာ နေမိမည်။
သြော် မည်သို့ မည်ပုံဖြစ်ပျက်ကြပါသနည်း ။
ကျွန်တော် ဒုတိယအကြိမ်သက်ပြင်းချမိသည်။
နောက်ပိုင်း ကိုယ့်မျက်စိက ကောင်မလေးတယောက်ကို ကြည့်လျှင် အောက်ကနေကို မတက်တော့ .. … ထို အချိန်တွင် ကောင်မလေးများအား အောက်ကိုသာကြည့်ပြီး လိုက်ငမ်းတတ်သော ကိုကိုကာလသားများအား စာနာမိသည် ။ သြော ….သူတို့ လည်း ကြည့်ချင်သောကြောင့်မဟုတ်ရှာ …. ယခုကဲ့သို့ ပက်ပက်စက်စက် အလှူပေးသလို ပြနေသောမမ များကြောင့်သာ ကြည့်နေကြရခြင်း ဖြစ်လေသည်ဟု…..




နောက် မမ တယောက် ….
သူကလေးကတော့ အတော်လာသည် ဂျင်းဘောင်းဘီအရှည်နှင့် ….
ဟုတ်နေပြီဗျာ … အဲ့လိုမှပေါ့လို ကျွန်တော် သဘောခွေ့ စွာ ပြုံးရင်း အပေါ်ကိုကြည့်လိုက်မိသည် ။ အလိုလေးလေး သူက တမျိုးဗျ…..
အင်္ကျီလည်ပင်းကို ဟိုက်ထားလိုက်ပုံများ ပုရိသ ယောင်္ကျားများပင် မဆိုထားနှင့် ကျွန်မတို့ မိန်းမသားအချင်းချင်းပင် ပါးစပ်အဟောင်းသားနှင့် ယင်ကောင်ဝင်ဥတောင် အယောင်ယောင်အမှားမှား မျိုချလောက်အောင်ပင် ….. တွေးကြည့်ကြကုန်လော့ …… ကဲ …. ပြောစရာမရှိတော့


လောက နိယာမအကြောင်း ကြော်ငြာ အနည်းငယ်ဝင်လိုသည်....
သို့ ရာတွင်မူ ယောကျာင်္းသားများကား သူတပါးမိန်းကလေး တိုနေသည် ပေါ်နေသည်ကို မျက်လုံးအရသာခံကာ ကြည့်တတ်ကြသော်လည်း မိမိတို့ ချစ်သူ ညီမများ တိုနေပါက ပြန်လဲခိုင်းခြင်း၊ တပါးသူများကြည့်ပါက မျက်လုံးနီကြီးဖြင့် ကြည့်သော ပုဂ္ဂိုလ် ပြန်ပင်လန့် သွားအောင် ကြည့်တတ်ကြပေရာ ကိုယ့် မုန့် ကိုကပ်စီးနည်း သူများမုန့် ကို သွားရည်တမြားမြားကျကာ မစားရ၀ခမန်း ကြည့်နေတတ်ကြသောကလေးများကဲ့သို့ …..




မည်သူ့ ကိုပင်ကြည့်ကြည့် ထိုနေ့ ကတိုက်တိုက်ဆိုင်ဆိုင် အကုန်လုံး အောက်တိုရင် တို မတိုရင် အပေါ်ပိုင်း တို နေကြသည် ။ ထို့ ကြောင့် စင်ကာပူတွင်နေမိသောကျွန်မ မိန်းကလေးများအား များသောအားဖြင့်ကြည့်တတ်လာပြီ …….. ကြည့်လျှင် လဲ အင်းးးးး ……. ထိုကဲ့သို့ သာ …..






နောက်တခု ယခုခေတ်ပိုင်းတွင်ပြန်လည်ခေတ်စားလာသော Stocking ၀တ်ခြင်းများ … ကျွန်တော်ကတော့ လက်ခံနိုင်ပါသည် ။ သို့ သော် ယင်း Stocking များကို မပြဲပြဲအောင်ဖြဲကာ ပေါင်အရင်းထိဖြဲထားကြသည်မှာတော့ တဆိတ်လွန်လှပြီ .. ဂျင်းဘောင်းဘီအပြဲများကိုလည်း ၀တ်ဆင်ကြလေရာ သူ့ ဟာသူနေလျှင်အကောင်း ယခုတော့ စတိုင်ကျချင်လွန်းသောမမများ ဘောင်းဘီအပြဲပုံမ်ျိုးနှင့်မှ ခေတ်ဆန်သည် ထင်ကြသော ကိုကိုများ ….. အရင်ခေတ်ကတော့ ဖြင့် ထိုကဲ့သို့ စုတ်ပြဲနေလျှင် လာဘ်လာဘ ထိခိုက်သည် … သိက္ခာ ကျသည်ဟု သတ်မှတ်ကြလေရာ နှစ်သစ်ရက်များတွင် ထိုအစုတ်အပြဲများအား လွှင့်ပစ်ကြလေသည် …. မည်သို့ ပင်ဆိုစေ သူတို့ ခေတ်နှင့် သူတို့ ပြဲမှကြိုက်သည် ဟောင်းမှလန်းသည် ဖြစ်နေကြရာ မည်သူ့ ကိုမှ အပြစ်မဖို့ လိုတော့ ….
ယခုကဲ့သို့ အတိုအပြတ်ကြိုက်နေကြရာ တခါခါတော့ ကျွန်မတွေးမိသည် … ကောင်းကွက်တွေ၇ှိသည်….
လေ၀င်လေထွက်ကောင်းသည် …. ဒါပေါ့ အပူပိုင်းနိုင်ငံမှာ နေတဲ့ကောင်မလေးတွေလေ ပူရှာမပေါ့…. ဒီတော့ ဘာလုပ်ကြသလဲ ….. အလွန်တရာ ဥာဏ်ပြေးကာ တိုကြလေပြီ ။
လျှော်ရဖွပ်ရသက်သာသည် ….. ဂျင်းဘောင်းဘီအရှည်ကြီးများ လျှော်လျှင် အလွန်လေးသည်….. လက်တဖက်နှင့်ပင် မထမ်းနိုင် …. နောက် တော်တော်နှင့်လည်း မခြောက်နိုင်လေ …. ၂ရက် ၃ ရက် အခြောက်ခံရသည် (အ၀တ်လျှော်စက် အခြောက်ခံစက် သုံးသောသူများ စောဒက တက်ခြင်းပိတ်ပင်၏) အတိုဆိုလျှင်သိပ်လည်း မလေး လွယ်လွယ်နှင့်ပင်ခြောက်သည် …. လူပင်ပန်းတာ သက်သာတာပဲလား … မဟုတ် အ၀တ်လျှော်ဆပ်ပြာမှုန့် ဆပ်ပြာရည် သက်သာသည်….
သယ်ဆောင်ရလွယ်ကူသည် …. စဉ်းစားကြည့်ပါ … ဘောင်းဘီအ၇ှည် ၅ထည်လောက်နှင့် အတို ၈ထည် ၉ ထည်လောက်ညီမျှလေသည် …. ခရီးသွားရာတွင် အဆင်ပြေလေစွ ….. ပေါ့ပေါ့ပါးပါး …..




ထိုသို့ ဖြင့် ဘောင်းဘီအတို စကပ်အတိုများမှာ ရေပန်းစားကာ နောက်ဆုံး တလောကလုံးတိုနေကြပြီ ။
တိုကြသည် …. မပြောလိုတော့ ….. အကျိုးဆက် ကြည့်ခံရသည် … မထူးတော့ …..
အားလုံး အဟောဝတကောင်းလေစွတည်း။ ။

အလုံးဆိုသည်မှာ .....

အားကစား လောကတွင် အလုံးကိစ္စ သည် အတော် နေရာ ရနေပေသည်။ ဒီစကား ထင်ရှားပုံကို ရှုကြကုန်လော့။


က မ္ဘာတ၀ှမ်း ထင်၇ှားသော “ဘောလုံး”ကစားနည်းဆိုသည်မှာ ”အလုံး” တစ်လုံးကို လူတလှေကြီးက ကွင်းပြောင်ပြောင် တစ်ခုထဲတွင် သူရငါရ ခြေထောက်နှင့်သာ ပညာပြ လုယက်ကြပြီး သူ့ အပေါက်ထဲ ကိုယ်ကန်၊ ကိုယ့်အပေါက်ထဲသူကန်နှင့် အပြိုင်အဆိုင် နှံကြရသော အားကစားဖြစ်ပေရာ ဒိုင်လူကြီးဆိုသည့်(သူလည်းမကန်ရပါဘဲ) ဟိုပြေးဒီပြေးနှင့် စည်းကမ်းတွေ ထုတ်တတ်သော မည်းမည်း ငနဲတစ်ကောင် ၀င်၇ှုပ်နေသည်မှအပ ကြည့်လို့ ကောင်းသော ကိစ္စ ဖြစ်ပေသည်။
”အလုံး” တစ်လုံးကို ခြေနှင့်မကန်ဘဲ လက်နှင့်ပုတ်ပြီးနွှဲရသော အခြားအားကစား၂ခုမှာကား ကွင်းခလယ်အလယ်တွင် ပိုက်တားပြီး လူအုပ်စု နှစ်ဖက်မှ မမှီမကမ်းလှမ်းလှမ်းပုတ်ရသော
”ဘောလီဘော” ကိစ္စနှင့် မိုးပေါ်မြောက်ထားသော ခြင်းပေါက်၂ခု ထဲ သူ့ ဘက်ကိုယ့်ဘက်ခွဲပြီး လက်နှင့်လုယက် ခုန်ပေါက်ပစ်ထည့်ရသော ”ဘက်စကတ်ဘော” ကိစ္စ တို့ ဖြစ်ရာ ၂နည်းစလုံးမှာ မမှီမကမ်း လုပ်ကိုင်ရသော သာဘောရှိသည်ဖြစ်သောကြောင့် ထိုအားကစားလိုက်စားသူများခမျာကြာသော် ကျလျှင်ကျ သို့ မဟုတ် ကျကျမကျကျ ရှည်လာတတ်ကြသည်မှာ ပြောစရာလိုသည်မဟုတ်ပေ။


နောက် ”အလုံး” ကိစ္စတစ်ခုရှိသည်မှာ ပေါ့ပေါ့ပါးပါး လုပ်ထားလည်းရပါလျက် ဒုက္ခပေးရန်အကြံနှင့် မလေးလေးအောင် စီမံထားသော ဘောပြောင်ချောချောကို ပြေးလမ်းပြောင်ချောချောပေါ်သို့  ဖိနပ်ပြောင်ချောချာစီးကာ ပြောင်ချော်ချော်ရုပ်နှင့်ငုတ်တုတ်ခံနေသောအတံအဖြူလေးများကိုမှန်အောင်ပစ်ရသော ”ဘိုးလိန်း” အားကစားပင်တည်း။


နောက် ”အလုံး” အမျိုးမျိုးကို တုတ်အမျိုးမျိုးနှင့် ရိုက်နှက် ကစားရသော အားကစားနည်းများစွာလည်းရှိနေသေးပေရာ ကူလီကူမာအကြံနှင့် မသိသူ အမှတ်တမဲ့ ခြေနှင့် သွားကန်မိလျှင် မချိမဆန့် ခံရနိုင်သည့် သစ်သားအလုံးကို သားရည်ပြားအုပ်ပြီး တုတ်ပြားပြားနှင့် ရိုက်နှက်ဆုံးမရသည့် ကျီးသားရိုက်ပုံနှင့် ခပ်ဆင်ဆင် ”ခရစ်ကက်” အားကစားသည်လည်းကောင်း၊ သူနှင့်သဘောတူ ဘယ်သူအဖေ ဘယ်သူသား ဘယ်ဟာအရင်စပေါ်ခဲ့သလဲ ကျွန်တော်မကွဲသော သားရေအလုံးကို တုတ်လုံးလုံးနှင့် ရိုက်ကစားကြသည့် ”ဘေ့စ်ဘော” အားကစားသည်လည်းကောင်း၊ လိမ္မာချင်သော်လည်း ပြေးချင်လွှားချင်၇ှိလှသည့် မြင်းသတ္တ၀ါကို တက်စီးပြီးကာမှ (အချို့ ဒေသများတွင် မြင်းအဆင်မပြေသဖြင့် ကုလားအုတ်ကြီး ခွပြီး ဆော့ကြသည်ဟု ကျွန်တော် ကြားဖူး၏) ကုန်းကုန်းကွကွနှင့် မြေပြင်မှ ”အလုံး”ကို တုတ်တံနှင့် လိုက်ကြုံးရိုက်ရသော ”ပိုလို” အားကစားသည်လည်းကောင်း ၊ နောက်မှ မြင်းပေါ်မှတဖုန်းဖုန်း ပြုတ်ကျကြသောကြောင့် တင်းလာကြသဖြင့် မြင်းကိုဖယ်ကာ လူသက်သက် ဆက်တွယ်ကြပုံရသည့် ”ဟော်ကီ” အားကစားသည်လည်းကောင်း၊ ခုန်ဆွခုန်ဆွနှင့် ဘယ်လိုမှအငြိမ်မနေသည့် အမွှေးအတောင်ပေါက်နေသော သားရေအလုံးသွားရာနောက်သို့ ဖတ်ဖတ်မောအောင်လိုက်ပြီး ”ရက်ကတ်” ခေါ်သည့် လက်နက်တုတ်တံဖြင့် တစ်ယောက်တစ်ချက် ၊ ဟိုဘက်သည်ဘက် နှင်ရသည့် ”တင်းနစ်” အားကစားသည်လည်းကောင်း။ နောက်ပင်ပန်းလွန်းလှသဖြင့် သေးငယ်သော ”အလုံး” ကို ခုံပေါ်ဝယ် တစ်ဖက်တစ်ချက် ရက်ကတ် ငုတ်တို လေး ဖြင့် ရိုက်ကစားကြည့်ရာ မသက်သာသည့် အပြင် ပိုသေးသော ”အလုံး” သည် ပိုခုန် ပိုသွက် လေသဖြင့် ကစားသူနှစ်ယောက် ခမျာ ဆတ်စလူးခါ၇ရှာလေသော ”ပင်ပေါင်” ခေါ် “Table Tennis” ကစားနည်းသည်လည်းကောင်း၊ ”အလုံး” ကိုတုတ်တံနှင့် ရိုက်ရတာချင်းတူသော်ငြားလည်း တစ်ခါရိုက် လျှင် တမျှော်တခေါ်ကြီး ရောက်ရောက်သွားသဖြင့် ရိုက်ရတာနည်းနည်း၊ နောက်ကလိုက်နေရ ပျောက်သွးလျှင် ရှာရသည်ကများကာ အချိန်ကုန် လျှာထါက် တပွဲတပွဲ ပြီးလျှင်ပက်လက် ဖြစ်နေတတ်သည့် “Golf” ခေါ် ဂေါက်သီးရိုက်အားကစားသည်လည်းကောင်း စသည်စသည်ဖြင့် လူတို့ သည် အလုံးတလုံးရလျှင် မျိုးစုံအောင်ဆော့ပြီး ”အလုံး” အားကစားများ ပွထလျက် ရှိပေ၏။


ထိုမျှသာမကသေး အလုံးတစ်လုံး ကို ကုန်းပေါ်မှာ ဆော့ပြီးမှ အားမရ ရေထဲထိအောင်ဆင်းပြီး အလုံးနှင့် ကမြင်းကြောထကြသည့် “Water Polo” ခေါ် ရေဘောလုံး ကစားနည်းသည်လည်းကောင်း၊ တုတ်နှင့် မရိုက်ပဲ တုတ်နှင့် ထိုးလျှင် ဘယ့်နှယ့်နေမလဲ ဟုတွေးထင်သည်မက တစ်လုံးဆော့ရသည်ကိုအားမရသဖြင့် အလုံးတပြုံတမ တုတ်ဖြင့် ၀ိုင်းထိုးကြသည့် ”ဘိလိယက် စနူကာ” အားကစားသည်လည်းကောင်း စသဖြင့် အလုံးနှင့် ပတ်သတ်ပြီး ကပ်သီးကပ်သပ် ကိစ္စများ များစွာရှိနေလေသည်။


လူဆိုသည်မှာလည်း အလုံးကြီး တစ်လုံးပေါ်တွင်ကပ်ရပ်နေကြရသည်ဖြစ်လျက် ထိုအလုံးကြီးကို ” ကမ္ဘာလုံးကြီး” ဟု သူတို့ ဟာသူတို့ နာမည်ပေးထားကြသည်ဖြစ်သည့် အလျောက် ”အလုံး” မြင်လျှင် စိတ်ဝင်စားတတ်ကြသည်မှာ ဆန်းလှသည်ဟု မဆိုနိုင်ပါပေ။(ကမ္ဘာလုံးကြီး ကို သူ့ အလုံးကြီး ငါ့အလုံးကြီးဟု ယနေ့ တိုင်မလုကြသေးသဖြင့် သက်ပြင်းချရသော်ငြား လုချင်ချင် သဘောများတွေ့ ရသဖြင့် စိတ်ချရသည်ဟုတော့ မဆိုသာပေ။)
မည်မျှအလုံးကို ချစ်ကြပါသနည်းဟူမူ ဘယ်လိုမှ မလုံးသော ကိစ္စ (ဥပမာ အုတ်ခဲ) ကိုပင် တလုံး နှစ်လုံး ဟု သမုတ်ချင်ကြပြီး ရှည်ရှည် ဖြစ်နေသောအရာ (ဥပမာ ၀ါးနှင့် သံပိုက်၊ ပလတ်စတစ်ပိုက်) ကိုမျှ တစ်လုံး နှစ်လုံးပင်ခေါ်ကြပေရာ ”တစ်လုံး” မက ”နှစ်လုံးပြူး” ဟူသော သေနတ်အမျိုးအစားပင် ပေါ်ခဲ့သည်ဖြစ်ရာ တစ်ခေတ်တစ်ခါက သူကြီးများ ဂိုက်ထားစရာဟု ရာဇ၀င် အလာရှိပေသည်။ သို့ သော် ကျွန်တော် ဆိုလိုချင်သည်မှာ နှစ်လုံးပြူး ကိစ္စ မဟုတ်၊ တခြားအလုပ်သာဖြစ်သဖြင့် နှစ်လုံးပြူးကို ခဏ ထောင်ထားလိုက်ရပေသည်။


ဆိုခဲ့ သည့်အတိုင်း လူတို့ သည် ”အလုံးကို” စိတ်ဝင်စားသကဲ့သို့ ကျွန်တော်သည်လည်း အမြီးမပေါက်၊ မှတ်ပုံတင်လည်း လက်ဝယ်တွင်ရောက်နေသဖြင့် လူဖြစ်လောက်သည်ဟု အထင်ရသဖြင့် ”အလုံး” နှင့် ပတ်သတ်သောအားကစားများကို စိတ်ဝင်စားလေရာ စပ်စပ် စပ်စပ် နှင့် ဘာမှမတတ်သည့် သ န္ဓေ ပါသည့်အလျောက် ဘယ်တခုတွင်မှ မပေါက်မြောက်သော်လည်း နိုင်သလောက်ဝင်ကြဲဖူးလေရာ အောက်ပါအတိုင်းဖြစ်လေသည်။
ကနဦးအစ ကျွန်တော်နှင့် ”အလုံး” ပတ်သက်ရသည်မှာ ”ဘော” ဖြစ်လေရာ ”ဘော” သည် ”ကန်” နှင့် တွဲပြီး မှတ်ထားမိလေသဖြင့် ငယ်စဉ်ကပင် ကျွန်တော့ရှေ့ ဘာ ”ဘော” ကျလာလာ ကန်လိုက်ရမှကျေနပ် ရလေကား မှန်များကွဲခြင်း၊ သူများသွားမှန်ခြင်း၊ ထွက်ပြေးဖူးခြင်း၊ မိသွားသောကြောင့် အရိုက်ခံအဆူခံ ဒဏ်ပေးခံရခြင်း၊ ဘောမကန်မိပဲ ခဲကန်မိခြင်း၊ ဘောနှင့် ခြေလွဲပြီး ပက်လက်လဲခြင်း၊ ကိုယ်ကန်ပြီး သူများမှန်ကာ အချင်းချင်းထိုးရခြင်း၊ ခြေဦးတည့် ရာ ကန်တတ်သောကြောင့် ဘောပေါက်သွားခြင်း၊ ဘောမြင်လျှင်ဝင်ဝင် ကန်မိတတ်သဖြင့် လိုရင်း ကိစ္စမေ့မေ့သွားခြင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ဖြစ်ပျက်ခဲ့လေသည်။ ဘောနှင့်ကန်ကို မည်မျှတွဲ ပြီး မှတ်ထားမိလေသနည်းဟူမူ သွေးကြွပြီး တစ်ယောက်နှင့်တစ်ယောက်ဘေကြသော ကိစ္စ တွင်ပင် တစ်ပါးသူက လက်သီးသုံးသော်ငြားလည်း ကျွန်တော်က ခြေကိုအရင်သုံးသည်ဖြစ်ရာ မျက်လုံးပြူးအောင်ခံလိုက်ရရှာသူများ ရှိခဲ့ဖူးလေသည်။အသ်ကကြီးလာလတ်သေ် ဘောကို တမျိုးတမည် ကန်နေကြသည်ကို သဘောကျပြီး ”ဘော” ”ဇ” မသေးသည်လည်းဖြစ်ရာ ကျွန်တော် ပါထိုသို့ ဝင်ကန်မိသဖြင့် အိပ်ရေးတွေပျက်၊ မျက်တွင်း ဟောက်ပက်၊ စာစောင်ဖိုးလည်း အိတ်ထဲကထွက် ပြီး နောက်ဆုံး ဟိုး အဝေးကြီးမှာ သူတို့ ဟာသူတို့ ကန်နေသောဘောကကျွန်တော့ အားလာမှန်သဖြင့် လန်ကျန်ခဲ့သည်တွင်မှ ဘော ကိစ္စှဇာတ်သိမ်းခဲ့လေသည် ဖြစ်သောကြောင့် အရှေ့ အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများရှိသည်ကိုသိရသောအခါမှ ကျွန်တော်လည်းဘောသွေးကြွ ဖြစ်ခဲ့ဖူးကြောင်း ဇာတ်ဟောင်းလှန်ပြရပေသည်။


သို့ ရာတွင် “Soccer” ဆိုတော်ပါဟု စိတ်ပင်နာသော်ငြားလည်း အလုံးမြင်လျှင်မနေနိုင် လက်ယားတတ်သည့် အားလျော်စွာ ဘတ်စကတ်ဘော တဗြောက်ဗြောက် ၀င်ပုတ်မိပြန်ရာ ထိုကစားနည်းမှာလည်း (ကစားဖူးသူများသိကြသည့် အတိုင်း) ဘောပစ်ဘောဖမ်း ကျွန်တော် မကျွမ်းဖြစ်သည့် အတွက် လက်ချောင်းဆယ်ချောင်းတွင် ကိုးချောင်းခေါက်ပြိး လူမြင်လျှင် အနူထင်လောက်အောင် ပတ်တီးအဖွေးသား ဒဏ်ကြေဆေးနံ့  တလွှားလွှားနှင့် ဆေးခန်းသွားခဲ့ရသည်က တစ်ကြိမ်၊ သူများပစ်လိုက်သောဘောကို လက်နှင့်မဖမ်းပဲ မျက်နှာ နှင့်ဖမ်းမိသောကြောင့်မျက်မှန်ခမျာ ကြားက အချောင်ကျိုးရရှာသည်ကတစ်ကြိမ်၊ ဖားနှင့်သားပိုက်ကောင် မဟုတ်ပါလျက် ခုန်ဆွဆွ သွားလုပ်မိသည့်တွက် အကျမတော် ခြေသပွတ်တိုင် ပျော်ပျော်ကြီး လည်သွားခဲ့သည် က တစ်ကြိမ်၊ ပြေးရင်းလွှားရင်း ချော်လဲကာ အင်္ဂတေပေါ် ရေကူးမိပြီး ခြေလက်နဖူး တံတောင် ဒူး တို့ တစ်ပြိုင်နက် စုတ်ဖူးခဲ့သည်ဖြစ်ရာ ထိုလောကကို စွန့် လွှတ်ရလေတော့သည်။
အမှတ်ထင်ထင် ကျွန်တော်စံချိန်ဝင်ခဲ့သည်မှာ သူများခြင်းထဲ ဘောလုံးနှင့် ပစ်ထည့်သမျှ တစ်ခါမှ မ၀င်ခဲ့ခြင်းပေတည်း။


အလုံးအားကစားလောကနှင့် ကျွန်တော်နောက်ဆုံးပတ်သတ်ခဲ့ သမျှမှာ “golf” ဟုခေါ်တွင်ရာ ဂေါက်သီးအားကစားသာ ဖြစ်ပြီး လက်ပြင်ငုတ်ရင်ငုတ် ၊ မငုတ်ရင် တုတ်ကျိုး မကျိုးရင်လက်နာ၊ မနာရင် ဘောလွဲ၊ မလွဲတော့ဘူးဆိုရင်တောင်မှ တောင်ရိုက်ရင် မြောက်ရောက်၊ အဝေးမှန်းရိုက်လို့ ဒီနားတင်ကျ၊ အားပါးတရ ဖုန်းခနဲ ဆော်လိုက်မှ တစ်ပေလောက်ပဲသွားလိုသွား ”ဟာရေးဘားဘား” အော်ခဲ့ရဖူးလေသည်။

မူရင်း - ကိုအရိုး