Friday, January 14, 2011

ကျောင်းမှ အမှတ်တရ


စိတ်တွေ စိတ်တွေ ဆောက်တည်ရာမရလွင့်နေတတ်တဲ့ကောင်လေ… စုစည်းလိုက်ဖမ်းလို့ ကိုမရပါလားနော်…
အတန်းထဲရောက်ကတည်းက ဟိုကြည့်ဒီကြည့် (ကျီးကန်းတောင်းမှောက်လို့ ပဲ ပြောရမလား)
ဒီလူကိုတော့ဖြင့် ဟိုနေ့ က မတွေ့ မိဘူး၊ ဟိုလူကတော့ဖြင့် ဒီနေ့ မှလာတာလား
ဟယ်… ဟိုကောင်မလေးက ငါ့ AW တန်းက ပါလား …. မြင်တောင်မြင်ရဲ့လားမသိဘူး …ဟွန်း နှုတ်တောင်ဆက်ဖော်မရဘူး…..
ဟော…ခုဝင်လာတာ မြန်မာကကျောင်းသားပါလား … ဘာလို့ နောက်ကျတာပါလိမ့်.. ၀တ်ထားတာက လည်းကြည့်ပါဦး….. အချိုးတစက်ကလေးမှကိုမပြေဘူး (အင်း သူ့ ခမျာလဲ ကြားထဲကနေ ငါ့စိတ်ဓားစာခံဖြစ်လို့ )
ဒီလိုနဲ့ …… သင်ခန်းစာစပြီ ။
တစ်လုံးစ၊ နှစ်လုံးစ ခေါင်းထဲရောက် .. ဒါပေမယ့် ခုထက်ထိကိုယ်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေဆီစိတ်ကရောက်နေသည်….
ရှေ့ ဆုံးမှာထိုင်နေတဲ့ ကျောင်းသားဆံပင်က ရှေ့ တစ်လက်မနောက်ပြောင်ပါလား… ရာဇာနေ၀င်းကို မဆီမဆိုင်သတိတွေရ…..
ဘေးကလူကတော့ အဖြူအမည်းအကွက်အင်္ကျီဆိုတော့ ချွတ်ပြီးကျားထိုးလိုက်ရင်တော့ အတော်ပဲလို့ တွေးလိုတွေး……
နောက်ကထိုင်နေတဲ့ကောင်လေးက ပါးဖောင်းဖောင်းလေးနဲ့ ကလေးရုပ်ကို မပျောက်သေးဘူး လို့ ထင်ချင်ရာတွေထင်……
ဟိုဖက်က ကိုရီးယားကောင်မလေး ၂ယောက်ဆီ မျက်လုံးရောက်သွားပြန်တော့ မဆီမဆိုင် ကြည့်ဖူးတဲ့ ကိုရီးယားကားတွေ ပြန်တမ်းတ…..
ရုတ်တရက် Professor စာရေးနေတဲ့ဖက်ကို အာရုံရောက်သွားတော့ professor က ဘယ်သန်ဆိုတာပဲ အာရုံပြုမိသည်…. ဘာရေးနေလဲတော့မကြည့်မိ…. ငါလဲဘာလို့ ဘယ်သန်မဖြစ်တာလဲမသိဟု စဉ်းစားအဖြေထုတ်နေတာ….
လက်ကလဲ ၀သီအတိုင်း တချက်ကလေးမှကို အငြိမ်မနေလေ … ဘေးကထိုင်တဲ့ သယ်ရင်း laptop battery charger ကြိုးကိုဆွဲလိုဆွဲ …. အဆွဲခံရတဲ့သူခမျာလည်း ရှုံမဲ့မဲ့နဲ့ တအံ့တသြလှည့်ကြည့် ….. ဒါတောင်မရပ်သေး အငြိုးကြီးကြီး ဆွဲနေတုန်း….
ပြီးနောက်….
ခဏလောက်ပြန်ငြိမ်သွားသည်…. အကောင်းတော့မဟုတ် …. ငိုက်နေပြီ…. မျက်လုံးမြင်ကွင်းတွေ တဖြည်းဖြည်း ကျဉ်းလာသည် ….. ရှေ့ က professor ကလည်း ၂ယောက် ၃ယောက်တွေဖြစ်နေပြီ…. ပြီး တလောကလုံး အမှောင်အတိ ကျသွားလေချေပြီ …… ကျွန်မအတန်းရှေ့ တည့်တည့်တွင် ပေါ်ပေါ်တင်တင် ငိုက်ပြနေ၏ ။ အင်မတန်ဆိုးဝါးသည့် ကလေးမလေ …..
ပြန်နိုးလာသည်.. ဖုန်းက မက်ဆေ့ခ်ျ လာသောကြောင့်သာဖြစ်သည် (မဟုတ်လို့ ကတော့ half-time အရောက် professor ကိုယ်တိုင် လာနှိုးရမှာစိုးလို့ နော် စိတ်ကြီးတယ် ဟင်းဟင်း)
အဲ…နိုးလာတော့ လုပ်ငန်းစတော့သည်ပေါ့…(ရောက်တတ်ရာရာ ပြန်တွေးခြင်းကို ဆိုလိုပါသည်….lecture နားထောင်ခြင်းအား ရန်သူကဲ့သို့ သဘောထားကြောင်းလည်း ၀န်ခံပါသည်)
ဒီတော့လည်း ကိုယ့် professor ကစကြည့်မိသည်….
ဘုရားရေ…. ပေါက်ကရ စမြင်သည် …. Professor ၀တ်ထားသော၇ှပ်က ဗိုက်အရှေ့ မှာ အောက်က အစထွက်နေခြင်း ….အဲ့ဒါကြည့်ရင်း ငယ်ငယ်က အင်္ကျီဝတ်လျှင် အဲ့လိုအစထွက်နေတတ်တာကိုသတိရတော့ ပြုံးတောင်ပြုံးမိသွားသည်….ပြန်ထည့်လိုက်၇င် ကောင်းမယ်ဟု အသည်းယားနေတုန်းလေး ကြားသွားလေရော့လား … ပြန်ထည့်သည် …သို့ သော် ပြန်ထည့်ရင်းက ပြန်ထွက်လာပြန်တာမို့ လုံးချာလည်လိုက်နေသော professor ကိုကြည့်ရင်း ကိုယ်ပါကြားထဲ က အားမလိုအားမရတွေဖြစ်လာသည် …… (ဟီးဟီး)
ယခုကဲ့သို့ စိတ်တွေ အစိုးမရဖြစ်ကာ lecture နားမထောင်ပဲ လုပ်နေမိတဲ့ အဆိုးဝါးဆုံး ဖြစ်ရပ်ကတော့ ဒီဘလော့လေးဖြစ်လာဖို့ ရေးနေခြင်းပါ(တကုပ်ကုပ်ရေးနေတာဆိုတော့ lecture လိုက်တယ်လို့ ထင်တဲ့သူတွေရှိမှာ မြင်ယောင်သေး အထင်ခံရလဲနည်းလားနော….. ခိခိ)
ဒီလိုနဲ့ ပဲ တွေးချင်ရာတွေး၊ ကိုင်ချင်ရာကိုင် (စာရေးကိရိယာများ)၊ ဆွဲချင်ရာဆွဲ (ကိုယ့် အင်္ကျီကိုယ်) နှင့် professor က Half-breakဆိုတော့
မြင်စေချင်လိုက်တာဗျာစာဖတ်သူတွေကိုလေ …. ကျွန်တော့ မျက်နှာ အသံထွက် တခွီးခွီး ရယ်လျက် မှိုရတဲ့မျက်နှာ …..
သြော်…သြော် စိတ်စိတ်…..


2 comments:

  1. သြော် တော်သေးတာပေါ့... စာရေးကိရိယာတွေပဲ ကိုင်မိပြီး ကိုယ့်အင်္ကျီကိုယ်ပဲ ဆွဲမိပေလို့... ဟီးဟီးဟီး နင်နော်၊ မဟုတ်ရင်တော့ မလွယ်ဘူး... Professor အင်္ကျီ ထွက်နေတဲ့အစ သွားဆွဲ.. အဲ.. အထဲသွားထိုးထည့်မိရင် ပြောပါတယ်... ခွီးခွီးခွီး

    ReplyDelete
  2. Our Econ Prof Peter Wilson! ရုတ်တရက် ဒါပြန်ဖတ်လိုက်တာ S ရမ်း သတိရသွားပြီ.. နင်ထရယ်လို့ ရှေ့က ရှေ့တစ်လက်မ နောက်ပြောင်နဲ့ကောင် လှည့်ဖြီးပြတာ.. ROFL ROFL!!! xD

    ReplyDelete