Wednesday, November 24, 2010

အဆုံးသတ်လိုက်တော့

ချလိုက်ရင် ဟိုးအောက်ဆုံးအထိကျသွားတာ
စိတ်ဓာတ်ပဲ။

ပြန်ကောက်လို့ ရမယ့် အရာတွေထဲမှာတော့
ဒီစိတ်ဓာတ်က မပါခဲ့ဘူးလေ။

မင်းတို့ ငါတို့ ဘာဆက်လုပ်ကြမလဲ
အလေးခံပြီးပဲ သယ်ထားလိုက်မလား
ကျချင်ကျကွာ ဆိုပြီး ချလိုက်ကြမလား ။

ဒါဆို ဒီစိတ်ဓာတ်တွေ ဘာလို့ ကျလဲ
အမှန်တရားတွေကြောင့်…
ငါတို့ လက်မခံချင်ခဲ့တဲ့ အမှန်တရားတွေကြောင့်
ငါတို့ ကကောမှားခဲ့ကြလို့ လား ။

မမှားခဲ့ပါဘူး..
အမှန်တရားနဲ့ ကပ်လွဲတာပဲ ရှိခဲ့တာ ။

မှန်အောင်လည်းပြန်မလုပ်နိုင်တော့
မှားတာကိုလဲ လက်ထဲဆုပ်ကိုင် ဂုဏ်ယူနေလို့ မဖြစ်သေး။

ဒီတော့ ဒီတော့ ဒီတော့
ကဲ ကိုယ့်လူ
ဒီကဗျာကို ဆက်ရေးလိုက်တော့
ကျွန်တော်ကတော့ ဘာဆက်လုပ်ရမလဲ သိသွားပြီ ။

ဒီလိုနဲ့ ငါ

ခုထက်ထိ
ခုထက်တိုင်
ဒီနေ့ ထိ
ဒီနေ့ ထက်တိုင်
လုပ်ခဲ့မိတာတွေ ပြန်စဉ်းစားမိရင်လေ
ငါဘာလို့ ဒီနှစ်တွေကို ဒီလိုပဲဖြတ်သန်းခဲ့ရတာလဲ
ဒါကိုကောဘယ်လိုခေါ်မလဲ
မတော်တဆလေး ကောင်းတာများလုပ်ခဲ့ဖူးလား
နှစ်သိမ့်လိုက်တယ်
အင်း လုပ်ခဲ့ဖူးတာပေါ့
မတော်တဆလေး မကောင်းမှုတွေကော မရှိခဲ့ဘူးလား
ပျာပျာသလဲ ငြင်းပယ်ရင်း
ဒီလောက်လေးပဲမှားခဲ့တာပါ ဒါကလည်းပတ်ဝန်းကျင်ကြောင့်
ရည်မှန်းချက်တွေနဲ့ ပတ်သတ်ပြီး
မျှော်လင့်ချက်တွေကော ထားခဲ့သလား
အို..အများကြီးပဲ
လက်တွေ့ ကောအကောင်အထည်ဖော်ခဲ့ပြီလား
အင်တင်တင် စကားသံတချို့ နဲ့ အင်း တချို့ တလေပေါ့
ဟုတ်ပြီ ဒါဆို ရမယ်လို့ ကောမျှော်လင့်ထားလား
အရောင်တောက်တောက်မျက်လုံးတစုံနဲ့ 
အင်း မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ
လောလောလတ်လတ်ကော
ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ
ကောင်းတာတွေလား မကောင်းတာတွေလား
ချက်ချင်းကိုဖြေလိုက်တယ်
ကောင်းတာတွေပဲပေါ့
ဒီလိုနေခဲ့ရတာကော ကျေနပ်သလား
တွေဝေနေခဲ့ပြီး အင်း ငါအကျေနပ်ကြီးတော့မဟုတ်ပါဘူး
ဒီထက်ပိုကောင်းခဲ့ရင်ကောင်းမှာပဲ
ဒါတွေကို ဒီလိုဝေဖန်သုံးသပ်ပြီး
ရှေ့ ဆက်လျှောက်ဖို့ လမ်းတစ်ခုကော ငါတွေ့ ခဲ့သလား
ဒါတွေကို ဒီလို ဆင်ခြင်ပိုင်းခြားပြီး
အဆုံးထိမဟုတ်တောင် တစွန်းတစ မြင်နိုင်မယ့် အလင်းတခု ငါရှာနိုင်ခဲ့သလား
ခုထက်ထိ
ခုထက်တိုင်
ဒီနေ့ ထိ
ဒီနေ့ ထက်တိုင်

Sunday, November 14, 2010

ပွင့်မြဲပွင့်နေမယ့် တံခါးတစ်ချပ်

လက်တွေတုန်နေတယ် ။ နံရံမှာကပ်နေတဲ့ ကပ်ခွာချိတ်နဲ့ သော့တွဲကို ချိတ်မိဖို့ အတော့ကိုကြိုးစားနေရတဲ့ ကျွန်မကို သူငယ်ချင်းတွေမြင်ရင် ဟားကြလိမ့်မည် ။ ဖေဖေနဲ့ မေမေမြင်ရင်တော့ အဖြစ်မရှိတဲ့သူတယောက်လို ကြည့်နေလိမ့်မည် ။
အမှန်က ဒီလောက်တုန်လှုပ်နေဖို့ အကြောင်းမရှိ…

စူပါမားကပ်သွားပြီး စိတ်လက်ပေါ့ပါးစွာတက်လာတဲ့ ကျွန်မ အဆောင်တံခါးကိုတွန်းအဖွင့်မှာတော့…
ဟင်…ဖိနပ်တစ်ရံ..
ကျွန်မခဏတော့တွေဝေသွားသည် ။
Shoe deck နားမှာ ဖိနပ်တစ်ရံတွေ့ တာကို ဒီလောက်အံ့သြနေရလားလို့ တချို့ ကအပြစ်မြင်ကောင်းမြင်မည်။ ဟင့်အင်း … ဒါကယောက်ျားလေးဖိနပ်တစ်ရံပါ ။

အာ..ယောကျာ်းလေးဖိနပ်တစ်ရံတွေ့ တာကို ရေးကြီးခွင်ကျယ်လုပ်လို့ ….အဆောင်ပဲ ယောက်ျားလေးသူငယ်ချင်းတွေ လာလည်ကြတာဖြစ်မပေါ့…နင်ဟာလေတော်တော် အဖြစ်သည်းလို့ ကိုယ့်ဘာသာကိုယ် ရယ်သွမ်းသွေးလိုက်သေးသည် ။
ဒါပေမဲ့ …ဘယ်သူ့ ဖိနပ်လဲ…ကျွန်မခေါင်းထဲမှာ အတွေးတွေက ချာချာလည်နေသည် ။ ကြာကြာတော့ မတွေးလိုက်ရ … အရင်က ဖိနပ်ကိုမမြင်ဖူးပေမဲ့..ဖိနပ်ပိုင်ရှင်ကတော့ ကျွန်မနဲ့ သိပ်စိမ်းလှသူမဟုတ်…ဘာကြောင့်လာတာလဲ ဒါဆို??? အရင်ကမြင်ဖူးနေတဲ့ အတွေ့ အကြုံရယ်၊ ကြားခဲ့ရတဲ့ စကားတွေရယ် ၊ကျွန်မရင်ထဲက သိနှင့်နေပြီးဖြစ်တဲ့ အသိတွေ… အဲ့ဒါတွေက ထပ်လို့ တောင်မတွေးသင့်တော့တဲ့မေးခွန်းလို့ ပြောပြီးလှောင်ပြောင်နေရော့မည် ။

ဒါပေမဲ့ ဒီအကြောင်းပြချက်တွေက ကျွန်မနှလုံးသားကိုနာကျင်စေမဲ့ ကျွန်မရဲ့ အတွေးတွေကိုေ၀၀ါးစေတဲ့ အကြောင်းအရာတခုဆိုရင်တော့ လုံလောက်နေပါပြီ ။ ကျွန်မဖိနပ်ကို ငုံ့ ကြည့် လိုက်ရင်း(ဘယ်သူ့ ဖိနပ်လဲဆိုတဲ့ အဖြေကိုရပြီးနောက်ပေါ့) ကျွန်မခပ်ဟဟ နာကျင်စွာပြုံးလိုက်မိပါတယ် ။
နောက်တော့သူ့ ကိုစားပွဲမှာ စာဖတ်ရင်း သူ့ ကောင်မလေးကိုထိုင်စောင့်နေတာ ကျွန်မတွေ့ လိုက်တယ်လေ ။ သူကတော့ မော့ကြည့်လိုက်ရင်း ဘာမှမသိတဲ့လူတယောက် (တကယ်တော့ သူဘာမှမသိပါဘူးလေ) က အသိမိတ်ဆွေ တယောက်ကို တွေ့ လို့ သာမန်လေး နှုတ်ဆက်သလိုမျိုး “ဟိုင်း” တဲ့ ။

“အို..မပြုံးပြနဲ့ ..ငါ့ကိုနှုတ်မဆက်စမ်းနဲ့ ..ငါ့အဆောင်တိုက်ခန်းမှာ နင့်ကိုမတွေ့ ချင်ဘူး”…တကယ်တော့ဒီစကားတွေကို ကျွန်မ ရင်ထဲကပဲပြောနေမိတာပါ ။ အမှန်တကယ် ၀န်ခံရမယ်ဆိုရင် မနာလိုစိတ်ဖြစ်နေတဲ့ မိန်းမတယောက်ရဲ့ ကိုယ်မပိုင်ဆိုင်နိုင်တော့တဲ့ ယောကျာ်းတယောက်ကို တခြားမိန်းမတယောက်ရဲ့ ရင်ခွင်မှာ မတွေ့ ချင်လို့ ပွင့်အန်ထွက်လာတဲ့ အသံတိတ်စကားရယ်ပါ ။
ကျွန်မပြန်ပြီးနှုတ်ဆက်မိသလား…နှုတ်ဆက်မိရင်တောင် ဒါဟာ အသက်မပါတဲ့ ဟန်ဆောင်တဲ့ အပြုံးတခုသာဖြစ်မယ်လေ…သူကရောရိပ်မိလေမလား…ကျွန်မကိုယ်ကျွန်မ ဟန်ဆောင်ကောင်းတဲ့မိန်းမလို့ မသတ်မှတ်ချင်ပါဘူး… ဒါပေမဲ့ ဒါကိုတော့ သူ့ ကိုမသိစေချင်ဘူး… ကျွန်မချစ်ပေမဲ့ ကျွန်မ သူ့ ကို ဘယ်တော့မှ မသိစေချင်ပါဘူး…ဒါကိုမာနလို့ ပြောရင်လည်း ကျွန်မ လက်ခံနိုင်ပါတယ် ။

ခပ်မြန်မြန်ပဲ သူ့ ကိုပြုံးပြလိုက်ပြီးတော့ (ပြုံးပြတယ်လို့ ထင်တာပါပဲလေ) အခန်းထဲကို ကျွန်မ အမြန်ပြေးဝင်ချင်နေမိတယ် ။
အာ…အရေးထဲ ဒီသော့ ကလည်းဖွင့်လို့ မရ… အလျင်လိုအနှေးဖြစ်ဆိုတာ ဒါပဲနေမှာ…
သူကတော့ ကြောင်တောင်တောင်ဖြစ်နေမလားပဲလေ…ငယ်သူငယ်ချင်းတယောက်ကို စကားလေးတခွန်းတောင်ပြောဖော်မရတဲ့ လူမှုရေးအသိတရားခေါင်းပါးတဲ့ မိန်းမတယောက်လို့ ပဲသတ်မှတ်နေလေတော့မလား…
အို..ဒါငါနဲ့ ဘာဆိုင်လဲ..သော့မြန်မြန်ဖွင့်လို့ ရဖို့ ပဲ အရေးကြီးတယ်။

ဒီလိုနဲ့ အခန်းထဲကို ကျွန်မရောက်သွားတော့ ကျွန်မစိတ်တ၀က်လောက်တော့ သက်သာသွား တယ်ထင်ပါရဲ့။ အင်း သူရှိနေတဲ့နေရာ သူထိုင်နေတဲ့နေရာနဲ့ တံခါးတချပ်ခြားနေပြီပဲလေ…ဒါပေမဲ့ ရင်ခုန်တာကတော့ မပြယ်သေးပါဘူး…၀ယ်လာတဲ့ပစ္စည်း တွေကိုချ သော့ကိုသွားအချိတ်…လက်တွေဘာလို့ တုန်နေရတာလဲဟင်??? သွားမချိတ်ခင်သော့ကို လက်ကိုင်အိတ်ထဲ ပြန်ထည့်လိုက်မိသေးတယ် ။

“နင်စိတ်ငြိမ်ငြိမ်ထားစမ်း…နင့်အသက် ၂၀ကျော်နေပြီ…ဆယ်ကျော်သက်လဲမဟုတ်တော့ဘူး…ရူးမနေနဲ့ ..သူ့ အတွက်လွန်ခဲ့တဲ့ ၇နှစ်ကတည်းက ရူးလာခဲ့တာ အဆုံးသတ်စမ်း…” (သိစိတ်)
“အာ…ဘာဖြစ်လဲ ကိုယ်သိပ်ချစ်တဲ့ လူတယောက်ကို တခြားသူတယောက်နဲ့ တွေ့ လိုက်ရတော့ တုန်လှုပ်တာပေါ့…အသက်၂၀ပြည့်လဲ ဘာဖြစ်လဲ …အသက်ဆိုတာက ကိန်းဂဏန်းတခုရယ်ပါ…”(မသိစိတ်)

ဟင်း..ခုမှ ဒုက္ခ ဖုန်းကဒ်…ဖုန်းကဒ်ကျန်ခဲ့ပြီ… ပ စ္စည်းတွေကိုအပြင်မှာ သော့ဖွင့်မလို့ ချထားတုန်း ကျနေရစ်ခဲ့တာဖြစ်မယ် … ပြန်ထွက်ရမလား…
“ဒီလောက်တုန်တုန်ရင်ရင်နဲ့  ဒီအခက်အခဲကိုကျော်လာပြီးပြီပဲ ခုနကအခန်းထဲဝင်တုန်းကတောင်သူ့ ကောင်မလေး အခန်းထဲက ထွက်လာတာမြင်လိုက်သားနဲ့ …ဘာထွက်လုပ်မှာလဲ ပြန်မသွားစမ်းနဲ့ ”
“ဟင့်အင်း..ငါကဘာအပြစ်လုပ်ထားလို့ သူတို့ ကိုရှောင်နေရမှာလဲ..ဒါငါ့အဆောင်လေ…ငါသူ့ ကိုချစ်မိတာအပြစ်လား…မရူးနဲ့  ဘာတွေဝေနေတာလဲ သွားလိုက်စမ်း…ခေါင်းမော့ပြီးသွားလိုက်စမ်း…နင့်အမှားလဲမရှိဘူး…အပြစ်လဲမရှိဘူး…ဘာတွေတွေးနေတာလဲ…မကြောက်စမ်းနဲ့ …မကြောင်စမ်းနဲ့ …”
ကျွန်မရဲ့စိတ်ထဲက ၀ိရောဓိတွေ….

ကျွန်မသွားယူဖို့ ဆုံးဖြတ်လိုက်တယ်လေ…ဒါတောင်မှ သူ့ တို့ ကိုမကြည့်ပဲ တချက်လေးတောင်စောင်းငဲ့မကြည့်ခဲ့ပဲ…မြန်မြန်ကောက်…မြန်မြန်ဝင်…
ဟင်..အခန်းတံခါးအပိတ်မှာပေါ့…

ကျွန်မအခန်းတံခါးကို ဘယ်ဖက်မှစောင်းပြီးကပ်ပိတ်ရင် Shoe deck ကို မြင်ရတယ်လေ…သူ..သူက အဲ့နားမှာ ဖုန်းပြောနေလေရဲ့…အင်း ခုနက သူ့ ဖုန်းလာသံကြားလိုက်မိတယ်လေ…
ကျွန်မသူ့ ကို လက်ငါးလုံးလောက်ပွင့်နေတဲ့တံခါးကြားထဲက စေ့စေ့ကြည့်လိုက်မိတယ်….
ဟင်…သူကလဲကျွန်မကိုပြန်ကြည့်နေလေရဲ့..ဒါပေမဲ့ သူ့ အကြည့်မဆုံးခင်လေး ကျွန်မအခန်းတံခါးကိုပိတ်လိုက်တယ်လေ…

တကယ်တော့ ကျွန်မပိတ်လို့ ရလိုက်တာ အခန်းတံခါးရယ်ပါ…ကျွန်မရဲ့သူ့ ကိုချစ်တဲ့ စိတ်ကိုတော့ မပိတ်လိုက်နိုင်ပါဘူး…ဘယ်တော့မှ ပိတ်လို့ မရဘူးဆိုတာကိုလဲ ကျွန်မသိလိုက်ပါပြီ ။ နောက်ထပ်ပိတ်ဖို့ လည်းမကြိုးစားတော့ပါဘူး…ပွင့်နေပါစေ..ပွင့်နေပါစေလေ…ဒါပေမဲ့…

သူ့ ကိုတော့ မမြင်စေချင်ခဲ့ဘူး…။ ။

Monday, November 8, 2010

ကိုယ်တိုင်ရေးတဲ့မှန်

ကောင်းသလား ဆိုးသလား??
ပြောဖို့ ကစောပါသေးတယ်
အကောင်းတွေက ဆိုးတတ်လွန်းပြီး
အဆိုးထဲက အကောင်းလဲထွက်တတ်တာမို့ 
မင်းရဲ့ခံယူချက်တခု ကိုပဲ ငါယူလိုက်မယ် ။

ဝေးသလား နီးသလား??
ပြောဖို့ ကစောပါသေးတယ်
လာချင်ရင် အနီးလေးပေမဲ့
မင်းမသွားချင်တော့ ဝေးသွားတတ်တာမို့ 
မင်းဆုံးဖြတ်ချက်အတိုင်း ပဲ ငါပြောမယ် ။

ချစ်သလား မချစ်ခဲ့ဘူးလား??
ပြောဖို့ ကစောပါသေးတယ်
တန်ပြန် သက်ရောက်မှုတခုကြောင့် ချစ်လာနိုင်သလို
အမှားတခုကြောင့် မုန်းသွားတတ်တာမို့ 
မင်း နှလုံးသားထဲက အပြုအမူအတိုင်း ငါတုန့် ပြန်မယ်။ ။

ညတည

တွေ့ ကြုံနေကျဒီတည…
ကောင်းသောညလေးပါတဲ့။
ညလေးလဲ မရှိဘူး…ညကြီးလဲ မရှိဘူး။
ညကညပဲ။
နေ့ တိုင်းကြုံနေတဲ့ ဒီညပဲ။
ဘာမှပြောင်းလဲမသွားပါဘူးကွာ။

ဒါပေမဲ့ …
ဒီညမတိုင်ခင် မင်းဘာလုပ်ခဲ့လဲ??
ဒီည မှာရော မင်း လောဘ၊ဒေါသ၊မောဟ ကင်းကင်းနဲ့ အိပ်စက်နိုင်ပါ့မလား??
ဒီညကျော်သွားလို့ နောက်နေ့ မနက်ဖြန်အတွက် မင်းမှာ မျှော်လင့်ချက်တွေကောရှိသေးသလား??
ဒါတွေနဲ့ ပဲဒီတညကို မင်းဖြတ်သန်းလိုက်ပါကွာ…
မင်းရဲ့ မနက်ဖြန်တွေတိုင်းကို ငါကြည့်ချင်နေမိပါရဲ့ ။ ။

ဘဝ

သူကတော့ သူ့ ကို ဒီလို ကျော်သွားတယ်။
သူကတော့ သူ့ ကို ဒီလိုခွသွားတယ်။
သူကတော့ သူ့ ကို ဒီလို လှည့်သွားတယ်။
သူကတော့ သူ့ ကို ဒီလို ပတ်သွားတယ်။

အင်း…တကယ်တော့
ကျော်နေခွနေရအောင် ဘ၀က
ဆိုက်ကားနင်းနေတာမဟုတ်ဘူး။
ဒါပေမဲ့ တခါတခါတော့
ကျော်တတ်ခွတတ်အောင် မင်းသင်ထား…
မင်းကို ကျော်လာခွလာရင်လဲ ရုန်းတတ်ဖို့ ပြင်ဆင်ထား..

တကယ်တော့…
လှည့်သွားပတ်သွားရအောင် ဘ၀က
ဘောလုံးပွဲ ကစားနေတာမဟုတ်ဘူး။
ဒါပေမဲ့ တခါတခါတော့
လှည့်တတ်ပတ်တတ်အောင် မင်းသင်ထား..
မင်းကို လှည့်လာပတ်လာပြီဆိုလဲ မျက်စိမလည်ဖို့ သတိထား။ ။

ပြန်ရခဲ့မယ်ဆိုရင်…

မေမေရယ်
လွမ်းလိုက်တာ
မေမေ အနားမှာရှိခဲ့တုန်းက
မေမေ့ရဲ့ ကြင်နာမှုတွေ ပူပန်မှုတွေကို
သမီး တန်ဖိုးမထားမိခဲ့ပါဘူး။
သမီးလျစ်လျူရှုခဲ့မိတယ်။
ခုတော့လေ မေမေ့ရဲ့ စကားလေးတခွန်း
သမီးကိုပူပန်လို့ ဆူခဲ့တဲ့စကားလေးတခွန်း
အဲ့ဒါတွေသာ ပြန်ရမယ်ဆိုရင် …
သမီး ဘာမဆို ပုံအောပေးရဲနေပါပြီ။ ။

ဖေဖေရယ်
သတိရလိုက်တာ
ဖေဖေ အနားမှာရှိခဲ့တုန်းက
ဖေဖေရဲ့ ဂရုစိုက်မှုတွေ အလေးထားမှုတွေကို
သမီး မျက်ကွယ်ပြုခဲ့မိပါတယ်။
သမီး ဥပက္ခာ ပြုခဲ့မိပါတယ်။
ခုတော့လေ ဖေဖေ့ရဲ့ အားပေးမှုလေးတခု
သမီးကို ချစ်လွန်းလို့ ချမှတ်တဲ့ အလေ့အကျင့်ကောင်းလေးတခု
အဲ့ဒါတွေသာပြန်ရမယ်ဆိုရင်…
သမီး ဘာမဆို လုပ်ရဲနေပါပြီ။ ။

Friday, November 5, 2010

သူမ


ဟမ်…သူမ ဘယ်သူပါလိမ့်…first row မှာ ငုတ်စိစိ (သူက ခပ်သေးသေးပါ) လေးထိုင်နေသူ…
အင်း ဟိုဟာပဲနေမယ် (အွန်လိုင်းက ကျောင်းလျှောက်တဲ့သူ လို့ ပြောပါတယ်) သိပ်တောစ့ကားမပြောဖြစ်ကြ
မဟုတ်သေးပါဘူး…တလုံးမှကိုမပြောဖြစ်ကြတာ…
သူဆိုမှတော့ စာဖတ်တဲ့သူမျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာအောင်ရေးပြရမှာပေါ့..
ပုံစံလေးက တမျိုးဗျ…အနော် တခါမှကို မမြင်ဖူးတာ(အင်းလေ ခုမှတွေ့ ဖူးတာကိုနော်)
ဆံပင် ကအရင်စပြီးပြောပြမယ်နော်..
အင်း..ခပ်ထူထူရယ်..ဆံပင်လုံးက ခပ်ကြီးကြီး..လူနဲ
့တောင်မလိုက်ပါဘူးဗျာ..လည်ပင်းနားတ၀ိုက်လောက်ပဲ၇ှည်ပြီးဝဲကျနေတဲ့ပုံက ကိုရီးယားမင်းသမီး 
ဆန်းမီလိုလိုဘာလိုလို (တကယ်တော့ဘာမှကိုမဟုတ်တာပါ)..ဟိဟိ
မျက်လုံး..မျက်လုံးကြည့်က တရုတ်မဟုသိသာပါသည်ဟုပြောနေသယောင်ယောင်..လုံးဝမျက်ရစ်ကိုမပါတာဗျို့ 
…ခပ်မှေးမှေးရယ်
နှာခေါင်းကတော့ ပြားပြားလေးလို့ ပြောတာပဲ(နောက်သူနဲ့ ခင်တော့ သူ့ ရဲ့ပြောပြချက်)
နှုတ်ခမ်း..အင်း ပါးပါးလေး…ပါးတာမှ ရှိတောင်၇ှိရဲ့လားလို့ ပြူးပြဲကြည့်ရလောက်အောင်ကို မရှိတာ…
အမယ်…နှုတ်ခမ်းကသာပါးတာ..ကိုယ့်လူက နှုတ်ခမ်းမွေးစစ နဲ့ ဟိဟိ…ဒါပေမဲ့သူက ကောင်မလေးနော်…
သူ့ နှုတ်ခမ်းမွေးမြင်တော့ ၀င်းဦးတောင်သတိရမိတယ်ဗျိုးးးး ခပ်များများပေါ့နော်….
မျက်မှန်လေးနဲ့ လေးလုံးမှန်ကြောင်လေးပါ (အနော်နဲ့ ဂိုဏ်းတူတာပေါ့နော်)…
အင်း မျက်နှာကျပုံ ..အင်မတန်ခက်ခဲတဲ့အလုပ်ရယ်..ဘယ်လိုပြောရမလဲ စာဖတ်သူတို 
့တြိဂံကိုဇောက်ထိုးအရင်မြင်ကြည့်လိုက်ပါ…ပြီးတော့မှ အောက်ပိုင်းအနားကို လုံးလိုက်…အင်း ပြောရင်းနဲ့ 
အနော်ကိုယ်တိုင်တိုင်ပတ်နေပါ့လား…..
ကဲထားပါတော့ ဒီလောက်ဆိုအကြမ်းဖျင်းသိလောက်ပေါ့
အရပ်မတိုမရှည်..ကိုယ်လုံးက ပါးပါးလျလျလေး …တကိုယ်လုံးပါးပါးလေး ထူတာဆိုလို့ ဆံပင်နဲ့ 
…အဲ့နောက်တော့ဆက်တာပေါ့နော်…
ထူးဆန်းတာ ထူးဆန်းတာ ..ဘယ်ကောင်မလေးမှာမှမရှိတဲ့ ဟာ သူ့ မှာ၇ှိတယ်..(တလွဲမတွေးနဲ့ )
ချစ်မွှေး၊ချမ်းသာတဲ့ အမွှေးလို့ တော့ သူပြောတာပဲ(မထင်ပေါင်) လက်မှာ 
အမွှေးတွေအများကြီးရယ်…အင်းတော်တော်ထူးဆန်းတဲ့ကလေးမ…
နာမည်က ..ချိုတဲ့..ချိုတဲ့ဗျ….ချိုပါတယ် တခါခါတော့ (သတိ..အနော်လျက်ကြည့်လို့ သိတာမဟုတ်ပါ)
သူနဲ့ အဲ့နေ့ ကတွေ့ ပြီးမတွေ့ တော့ပါဘူး…နောက်တကြိမ်ဆုံတာကတော့ SMU မြန်မာကျောင်းသားတွေစုလုပ်တဲ့ 
ယဉ်ကျေးမှု ပြပွဲမှာပေါ့..မှတ်မိသေးပ .အ၀ါရောင်အင်္ကျီနဲ့ 
သူနဲ့ အနော်နဲ့ က တာဝန်တူတူကျတာ..ဒီတော့ ပြောရင်းဆိုရင်းခင်သွားရောပေါ့ဗျာ..
သူနဲ့ အနော်နဲ့ တိုက်ဆိုင်တာကလဲ တော်တော်များပါတယ်..ထင်ရှားတာကတော့ မွေးနေ့ ၁၃ 
ရက်ဆိုတာတူနေတာရယ်..သူ့ မောင်လေးနဲ့ မွေးတဲ့နေ့ မွေးတဲ့လ တခုတည်းဖြစ်နေတာရယ်(အဓိကအဲ့ဒါ 
ယောင်းမရေ) ခိခိ ..ပိုပြီး ခင်မင်စရာကောင်းသွားပါတော့တယ်…

ပေါင်းရသင်းရလွယ်တဲ့ကလေးမလေးပါ…ခင်စရာတော့ကောင်းတယ်လေ အနော့်လို ခပ်ပေါပေါဆိုတော့ 
ဓလေ့တူတယ်ခေါ်ရမှာပေါ့…
တခါ အနော်နေမကောင်းဘူးဆိုလို့ သူက အရမ်းဖျားတဲ့ညကျရင် သူ့ ကိုဖုန်းဆက်လိုက်နော်တဲ့ တခုခုဆို..အင်း so 
sweet ဒါကြောင့်ချိုတယ်ပြောတာ ကျေးဇူးပါကွာ…
နောက်တော့..သူဆီက ကိုယ်တောင်းစား.ကိုယ့်ဆီကတော့ သူမတောင်းစားဖူးဘူးထင်ပါရဲ့..ဟီးဟီး…အဲ့လိုနဲ့ 
စကားများများပြောဖြစ်ပြီး ကျောင်းမှာအနော့်အတွက် မြန်မာလူမျိုး နှစ်တူတဲ့ 
ကောင်မလေးတယောက်ဖြစ်လာရောပေါ့..
နောက်တော့ အနော်တို့ အဆောင်က ပွဲလုပ်ပါလေရော…သူကတိုက်တွန်းတာနဲ့ အနော်တို့ တဖွဲ 
့ဖြစ်ပြီးေ၇ွှရင်အေးရောင်းကြတယ်လေ…အင်း သူချက်တဲ့ ကောက်ညှင်းနဲ့ သာကူကြောင့်တော်တော်တော့ 
အဆင်ပြေသွားကြတယ်…ကျေးဇူး ချို…
ခုနောက်ပိုင်းတော့ သူနဲ့ ညစာတူတူစား…တခါခါကြောင်တောင်တောင်တွေပြောပြီး တော်တော်တော့ အဆင်ပြေတဲ့ 
သူတွေဖြစ်နေကြပါပြီ…
တွေ့ ဆုံဖို့ ကံတရားပါလာရင် ဘယ်လောက်ဝေးနေဝေးနေ တွေ့ ကြတယ်တဲ့..ကံတရားမပါရင်တော့ 
ပုခုံးချင်းတိုက်သွားရင်တောင် မသိကြဘူးတဲ့…
ဒီလိုပါပဲ ခုလည်း ကံတရားတခုကြောင့် ချိုဆိုတဲ့ ကောင်မလေးတယောက်နဲ့ တွေ့ ပြီး သူ့ ဆီက မကြားဖူး 
မသိဖူးတာတွေ သိရတယ်..သူကြောင့်ရယ်ရတယ်..သူကြောင့် စိတ်တွေပေါ့ပါးသွားရတယ်…ဒါကြောင့် သူနဲ့ တွေ့ 
ခွင့်ပေးတဲ့ အနော့ရဲ့ကံတရားကြီးကို ကျေးဇူးတင်ပါတယ်…ဒီလို ချိုတဲ့ ချိုတယောက်ကိုပေးလို့ ပေါ့
သူရဲ့ဘလော့ထဲမှာတွေ့ ဖူးတယ် သယ်ရင်းတွေက သူ့ ဘ၀အတွက် အရေးအကြီးဆုံးလို့ သူကပြောထားတယ်…
အင်း ဒါဆို နင်ကလဲ ငါ့အတွက်အရေးကြီးဆုံး သယ်ရင်းပါပဲဟာ….
နောင်နှစ်ပေါင်းများစွာတိုင်အောင် အနော် ခင်မဲ့သယ်ရင်းတယောက်ဆိုလဲမမှားပါဘူး…(နီနော် 
နာ့ပစ်တွားရင်တေမယ်..ခိခိ)
နောင်အနှစ် ၂၀ လောက်ကြာရင် “ဒါ ငါ့သားကြီးပေါ့…ဘယ်ကျောင်းမှာတက်နေတာ…သမီးအငယ်လေးကတော့ 
ဘယ်မှာ”ဆိုပြီး ပြောလာမယ့်သယ်ရင်းတယောက်ပေါ့နော် (သူစွံတယ်ဗျ) ခိခိ
သူ ဘယ်တွေပဲရောက်ရောက်…ဘာတွေပဲဖြစ်ဖြစ်…ဘယ်တော့မှ မမေ့တဲ့သယ်ရင်းတယောက်ပါလို့ ဒီကနေပဲ 
ငါနင့်ကို ပြောမယ်နော်….
Ps.အဓိကပြောချင်တာကတော့ နင့်မွေးနေ့ ရောက်တော့မယ်..အဲ့ဒါမုန့် ကျွေး…မဟုတ်ရင် မကောင်းတဲ့အချက်တွေပါငါထည့်ပြောပစ်မယ်…ဟိဟိဟိ