Friday, November 5, 2010

သူမ


ဟမ်…သူမ ဘယ်သူပါလိမ့်…first row မှာ ငုတ်စိစိ (သူက ခပ်သေးသေးပါ) လေးထိုင်နေသူ…
အင်း ဟိုဟာပဲနေမယ် (အွန်လိုင်းက ကျောင်းလျှောက်တဲ့သူ လို့ ပြောပါတယ်) သိပ်တောစ့ကားမပြောဖြစ်ကြ
မဟုတ်သေးပါဘူး…တလုံးမှကိုမပြောဖြစ်ကြတာ…
သူဆိုမှတော့ စာဖတ်တဲ့သူမျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာအောင်ရေးပြရမှာပေါ့..
ပုံစံလေးက တမျိုးဗျ…အနော် တခါမှကို မမြင်ဖူးတာ(အင်းလေ ခုမှတွေ့ ဖူးတာကိုနော်)
ဆံပင် ကအရင်စပြီးပြောပြမယ်နော်..
အင်း..ခပ်ထူထူရယ်..ဆံပင်လုံးက ခပ်ကြီးကြီး..လူနဲ
့တောင်မလိုက်ပါဘူးဗျာ..လည်ပင်းနားတ၀ိုက်လောက်ပဲ၇ှည်ပြီးဝဲကျနေတဲ့ပုံက ကိုရီးယားမင်းသမီး 
ဆန်းမီလိုလိုဘာလိုလို (တကယ်တော့ဘာမှကိုမဟုတ်တာပါ)..ဟိဟိ
မျက်လုံး..မျက်လုံးကြည့်က တရုတ်မဟုသိသာပါသည်ဟုပြောနေသယောင်ယောင်..လုံးဝမျက်ရစ်ကိုမပါတာဗျို့ 
…ခပ်မှေးမှေးရယ်
နှာခေါင်းကတော့ ပြားပြားလေးလို့ ပြောတာပဲ(နောက်သူနဲ့ ခင်တော့ သူ့ ရဲ့ပြောပြချက်)
နှုတ်ခမ်း..အင်း ပါးပါးလေး…ပါးတာမှ ရှိတောင်၇ှိရဲ့လားလို့ ပြူးပြဲကြည့်ရလောက်အောင်ကို မရှိတာ…
အမယ်…နှုတ်ခမ်းကသာပါးတာ..ကိုယ့်လူက နှုတ်ခမ်းမွေးစစ နဲ့ ဟိဟိ…ဒါပေမဲ့သူက ကောင်မလေးနော်…
သူ့ နှုတ်ခမ်းမွေးမြင်တော့ ၀င်းဦးတောင်သတိရမိတယ်ဗျိုးးးး ခပ်များများပေါ့နော်….
မျက်မှန်လေးနဲ့ လေးလုံးမှန်ကြောင်လေးပါ (အနော်နဲ့ ဂိုဏ်းတူတာပေါ့နော်)…
အင်း မျက်နှာကျပုံ ..အင်မတန်ခက်ခဲတဲ့အလုပ်ရယ်..ဘယ်လိုပြောရမလဲ စာဖတ်သူတို 
့တြိဂံကိုဇောက်ထိုးအရင်မြင်ကြည့်လိုက်ပါ…ပြီးတော့မှ အောက်ပိုင်းအနားကို လုံးလိုက်…အင်း ပြောရင်းနဲ့ 
အနော်ကိုယ်တိုင်တိုင်ပတ်နေပါ့လား…..
ကဲထားပါတော့ ဒီလောက်ဆိုအကြမ်းဖျင်းသိလောက်ပေါ့
အရပ်မတိုမရှည်..ကိုယ်လုံးက ပါးပါးလျလျလေး …တကိုယ်လုံးပါးပါးလေး ထူတာဆိုလို့ ဆံပင်နဲ့ 
…အဲ့နောက်တော့ဆက်တာပေါ့နော်…
ထူးဆန်းတာ ထူးဆန်းတာ ..ဘယ်ကောင်မလေးမှာမှမရှိတဲ့ ဟာ သူ့ မှာ၇ှိတယ်..(တလွဲမတွေးနဲ့ )
ချစ်မွှေး၊ချမ်းသာတဲ့ အမွှေးလို့ တော့ သူပြောတာပဲ(မထင်ပေါင်) လက်မှာ 
အမွှေးတွေအများကြီးရယ်…အင်းတော်တော်ထူးဆန်းတဲ့ကလေးမ…
နာမည်က ..ချိုတဲ့..ချိုတဲ့ဗျ….ချိုပါတယ် တခါခါတော့ (သတိ..အနော်လျက်ကြည့်လို့ သိတာမဟုတ်ပါ)
သူနဲ့ အဲ့နေ့ ကတွေ့ ပြီးမတွေ့ တော့ပါဘူး…နောက်တကြိမ်ဆုံတာကတော့ SMU မြန်မာကျောင်းသားတွေစုလုပ်တဲ့ 
ယဉ်ကျေးမှု ပြပွဲမှာပေါ့..မှတ်မိသေးပ .အ၀ါရောင်အင်္ကျီနဲ့ 
သူနဲ့ အနော်နဲ့ က တာဝန်တူတူကျတာ..ဒီတော့ ပြောရင်းဆိုရင်းခင်သွားရောပေါ့ဗျာ..
သူနဲ့ အနော်နဲ့ တိုက်ဆိုင်တာကလဲ တော်တော်များပါတယ်..ထင်ရှားတာကတော့ မွေးနေ့ ၁၃ 
ရက်ဆိုတာတူနေတာရယ်..သူ့ မောင်လေးနဲ့ မွေးတဲ့နေ့ မွေးတဲ့လ တခုတည်းဖြစ်နေတာရယ်(အဓိကအဲ့ဒါ 
ယောင်းမရေ) ခိခိ ..ပိုပြီး ခင်မင်စရာကောင်းသွားပါတော့တယ်…

ပေါင်းရသင်းရလွယ်တဲ့ကလေးမလေးပါ…ခင်စရာတော့ကောင်းတယ်လေ အနော့်လို ခပ်ပေါပေါဆိုတော့ 
ဓလေ့တူတယ်ခေါ်ရမှာပေါ့…
တခါ အနော်နေမကောင်းဘူးဆိုလို့ သူက အရမ်းဖျားတဲ့ညကျရင် သူ့ ကိုဖုန်းဆက်လိုက်နော်တဲ့ တခုခုဆို..အင်း so 
sweet ဒါကြောင့်ချိုတယ်ပြောတာ ကျေးဇူးပါကွာ…
နောက်တော့..သူဆီက ကိုယ်တောင်းစား.ကိုယ့်ဆီကတော့ သူမတောင်းစားဖူးဘူးထင်ပါရဲ့..ဟီးဟီး…အဲ့လိုနဲ့ 
စကားများများပြောဖြစ်ပြီး ကျောင်းမှာအနော့်အတွက် မြန်မာလူမျိုး နှစ်တူတဲ့ 
ကောင်မလေးတယောက်ဖြစ်လာရောပေါ့..
နောက်တော့ အနော်တို့ အဆောင်က ပွဲလုပ်ပါလေရော…သူကတိုက်တွန်းတာနဲ့ အနော်တို့ တဖွဲ 
့ဖြစ်ပြီးေ၇ွှရင်အေးရောင်းကြတယ်လေ…အင်း သူချက်တဲ့ ကောက်ညှင်းနဲ့ သာကူကြောင့်တော်တော်တော့ 
အဆင်ပြေသွားကြတယ်…ကျေးဇူး ချို…
ခုနောက်ပိုင်းတော့ သူနဲ့ ညစာတူတူစား…တခါခါကြောင်တောင်တောင်တွေပြောပြီး တော်တော်တော့ အဆင်ပြေတဲ့ 
သူတွေဖြစ်နေကြပါပြီ…
တွေ့ ဆုံဖို့ ကံတရားပါလာရင် ဘယ်လောက်ဝေးနေဝေးနေ တွေ့ ကြတယ်တဲ့..ကံတရားမပါရင်တော့ 
ပုခုံးချင်းတိုက်သွားရင်တောင် မသိကြဘူးတဲ့…
ဒီလိုပါပဲ ခုလည်း ကံတရားတခုကြောင့် ချိုဆိုတဲ့ ကောင်မလေးတယောက်နဲ့ တွေ့ ပြီး သူ့ ဆီက မကြားဖူး 
မသိဖူးတာတွေ သိရတယ်..သူကြောင့်ရယ်ရတယ်..သူကြောင့် စိတ်တွေပေါ့ပါးသွားရတယ်…ဒါကြောင့် သူနဲ့ တွေ့ 
ခွင့်ပေးတဲ့ အနော့ရဲ့ကံတရားကြီးကို ကျေးဇူးတင်ပါတယ်…ဒီလို ချိုတဲ့ ချိုတယောက်ကိုပေးလို့ ပေါ့
သူရဲ့ဘလော့ထဲမှာတွေ့ ဖူးတယ် သယ်ရင်းတွေက သူ့ ဘ၀အတွက် အရေးအကြီးဆုံးလို့ သူကပြောထားတယ်…
အင်း ဒါဆို နင်ကလဲ ငါ့အတွက်အရေးကြီးဆုံး သယ်ရင်းပါပဲဟာ….
နောင်နှစ်ပေါင်းများစွာတိုင်အောင် အနော် ခင်မဲ့သယ်ရင်းတယောက်ဆိုလဲမမှားပါဘူး…(နီနော် 
နာ့ပစ်တွားရင်တေမယ်..ခိခိ)
နောင်အနှစ် ၂၀ လောက်ကြာရင် “ဒါ ငါ့သားကြီးပေါ့…ဘယ်ကျောင်းမှာတက်နေတာ…သမီးအငယ်လေးကတော့ 
ဘယ်မှာ”ဆိုပြီး ပြောလာမယ့်သယ်ရင်းတယောက်ပေါ့နော် (သူစွံတယ်ဗျ) ခိခိ
သူ ဘယ်တွေပဲရောက်ရောက်…ဘာတွေပဲဖြစ်ဖြစ်…ဘယ်တော့မှ မမေ့တဲ့သယ်ရင်းတယောက်ပါလို့ ဒီကနေပဲ 
ငါနင့်ကို ပြောမယ်နော်….
Ps.အဓိကပြောချင်တာကတော့ နင့်မွေးနေ့ ရောက်တော့မယ်..အဲ့ဒါမုန့် ကျွေး…မဟုတ်ရင် မကောင်းတဲ့အချက်တွေပါငါထည့်ပြောပစ်မယ်…ဟိဟိဟိ

2 comments:

  1. ဟဲ့!!! ကျွေးမယ်လို့ ဘယ်နှီခါ ပြူးရမတုံး... နီနော် အတင်းအဖျင်း လျှောက်ရေးလို့ကတော့ တေမယ်...
    တော်သေးဒါ... တခြားဟာတွေ ရှောက်ရှက်မရေးလို့... ဟခ်ဟခ်ဟခ်...
    နီရေးဒါ ဟဿရသ မြောက်လယ်ကွ... ရှဲ့ရှဲ့နီ :P

    ReplyDelete
  2. “ငုတ်စိစိထိုင်နေသူ”ဆို အီးတီလားကွ ဟင် ???
    “ကိုယ့်လူက နှုတ်ခမ်းမွေးစစ နဲ့ ” “လက်မှာ
    အမွှေးတွေအများကြီးရယ်” အဲ့ ဟာမလေးက ပေါလှချည်လားကွ ချစ်မွှေးတွေ ပြောပါတယ် ...
    “ကိုရီးယားမင်းသမီး ဆန်းမီလိုလိုဘာလိုလို (တကယ်တော့ဘာမှကိုမဟုတ်တာပါ)” သက်မွန်မြင့်လောက်တော့ လုပ်ပေးလိုက်ပါကွာ... သူ့ခမျာ သနားစရာ... ဟခ်ဟခ်ဟခ် :P

    ReplyDelete