Monday, November 8, 2010

ကိုယ်တိုင်ရေးတဲ့မှန်

ကောင်းသလား ဆိုးသလား??
ပြောဖို့ ကစောပါသေးတယ်
အကောင်းတွေက ဆိုးတတ်လွန်းပြီး
အဆိုးထဲက အကောင်းလဲထွက်တတ်တာမို့ 
မင်းရဲ့ခံယူချက်တခု ကိုပဲ ငါယူလိုက်မယ် ။

ဝေးသလား နီးသလား??
ပြောဖို့ ကစောပါသေးတယ်
လာချင်ရင် အနီးလေးပေမဲ့
မင်းမသွားချင်တော့ ဝေးသွားတတ်တာမို့ 
မင်းဆုံးဖြတ်ချက်အတိုင်း ပဲ ငါပြောမယ် ။

ချစ်သလား မချစ်ခဲ့ဘူးလား??
ပြောဖို့ ကစောပါသေးတယ်
တန်ပြန် သက်ရောက်မှုတခုကြောင့် ချစ်လာနိုင်သလို
အမှားတခုကြောင့် မုန်းသွားတတ်တာမို့ 
မင်း နှလုံးသားထဲက အပြုအမူအတိုင်း ငါတုန့် ပြန်မယ်။ ။

1 comment: