Monday, November 8, 2010

ဘဝ

သူကတော့ သူ့ ကို ဒီလို ကျော်သွားတယ်။
သူကတော့ သူ့ ကို ဒီလိုခွသွားတယ်။
သူကတော့ သူ့ ကို ဒီလို လှည့်သွားတယ်။
သူကတော့ သူ့ ကို ဒီလို ပတ်သွားတယ်။

အင်း…တကယ်တော့
ကျော်နေခွနေရအောင် ဘ၀က
ဆိုက်ကားနင်းနေတာမဟုတ်ဘူး။
ဒါပေမဲ့ တခါတခါတော့
ကျော်တတ်ခွတတ်အောင် မင်းသင်ထား…
မင်းကို ကျော်လာခွလာရင်လဲ ရုန်းတတ်ဖို့ ပြင်ဆင်ထား..

တကယ်တော့…
လှည့်သွားပတ်သွားရအောင် ဘ၀က
ဘောလုံးပွဲ ကစားနေတာမဟုတ်ဘူး။
ဒါပေမဲ့ တခါတခါတော့
လှည့်တတ်ပတ်တတ်အောင် မင်းသင်ထား..
မင်းကို လှည့်လာပတ်လာပြီဆိုလဲ မျက်စိမလည်ဖို့ သတိထား။ ။

2 comments:

  1. မျက်စိမလည်ဖို့၊ ရုန်းတတ်ဖို့၊ ပြန်လှည့်တတ် ပတ်တတ်ဖို့တော့၊ ဒီဘ၀ထဲကပဲ ပြန်သင်ရမှာပေါ့။ :)

    ReplyDelete
  2. အရမ်းကြိုက်တယ်
    ... ဒါမျိုးလေးတွေရေးတာတော်တယ်နော်

    ReplyDelete