Monday, November 8, 2010

ပြန်ရခဲ့မယ်ဆိုရင်…

မေမေရယ်
လွမ်းလိုက်တာ
မေမေ အနားမှာရှိခဲ့တုန်းက
မေမေ့ရဲ့ ကြင်နာမှုတွေ ပူပန်မှုတွေကို
သမီး တန်ဖိုးမထားမိခဲ့ပါဘူး။
သမီးလျစ်လျူရှုခဲ့မိတယ်။
ခုတော့လေ မေမေ့ရဲ့ စကားလေးတခွန်း
သမီးကိုပူပန်လို့ ဆူခဲ့တဲ့စကားလေးတခွန်း
အဲ့ဒါတွေသာ ပြန်ရမယ်ဆိုရင် …
သမီး ဘာမဆို ပုံအောပေးရဲနေပါပြီ။ ။

ဖေဖေရယ်
သတိရလိုက်တာ
ဖေဖေ အနားမှာရှိခဲ့တုန်းက
ဖေဖေရဲ့ ဂရုစိုက်မှုတွေ အလေးထားမှုတွေကို
သမီး မျက်ကွယ်ပြုခဲ့မိပါတယ်။
သမီး ဥပက္ခာ ပြုခဲ့မိပါတယ်။
ခုတော့လေ ဖေဖေ့ရဲ့ အားပေးမှုလေးတခု
သမီးကို ချစ်လွန်းလို့ ချမှတ်တဲ့ အလေ့အကျင့်ကောင်းလေးတခု
အဲ့ဒါတွေသာပြန်ရမယ်ဆိုရင်…
သမီး ဘာမဆို လုပ်ရဲနေပါပြီ။ ။

No comments:

Post a Comment