Monday, November 8, 2010

ညတည

တွေ့ ကြုံနေကျဒီတည…
ကောင်းသောညလေးပါတဲ့။
ညလေးလဲ မရှိဘူး…ညကြီးလဲ မရှိဘူး။
ညကညပဲ။
နေ့ တိုင်းကြုံနေတဲ့ ဒီညပဲ။
ဘာမှပြောင်းလဲမသွားပါဘူးကွာ။

ဒါပေမဲ့ …
ဒီညမတိုင်ခင် မင်းဘာလုပ်ခဲ့လဲ??
ဒီည မှာရော မင်း လောဘ၊ဒေါသ၊မောဟ ကင်းကင်းနဲ့ အိပ်စက်နိုင်ပါ့မလား??
ဒီညကျော်သွားလို့ နောက်နေ့ မနက်ဖြန်အတွက် မင်းမှာ မျှော်လင့်ချက်တွေကောရှိသေးသလား??
ဒါတွေနဲ့ ပဲဒီတညကို မင်းဖြတ်သန်းလိုက်ပါကွာ…
မင်းရဲ့ မနက်ဖြန်တွေတိုင်းကို ငါကြည့်ချင်နေမိပါရဲ့ ။ ။

2 comments:

  1. ငါ့ရဲ့ညတွေတိုင်းတော့ မျက်ရည်နဲ့ ခေါင်းအုံး မိတ်ဆက်ခဲ့ပေါင်း များလှပါပြီ။ အိပ်မက်ဆိုးတွေ လှုပ်နှိုးခဲ့ပေါင်းလည်း များလှပါပြီ။ ဒီတစ်ညတော့ လောဘ၊ ဒေါသ၊ မောဟ ကင်းကင်းနဲ့ အိပ်စက်နိုင်ကောင်းပါရဲ့။ :)

    ReplyDelete
  2. ညီမရေ......အိပ်ပါကွာ...
    နူးညံ့ကြည်လင်စွာ...အိပ်ပျော်တဲ့ညလေးတွေ..အများကြီးပိုင်ဆိုင်ပါစေ

    ReplyDelete